မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက ၎င်းရုံးကို လာရောက်ချိတ်ပိတ်လိုက်သည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းတုံမြို့သို့ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တသခ တိုင်းမှူးက လာရောက်စစ်ဆေးခဲ့ကာ မြို့ပေါ်ရှိ NLD ပါတီ ရုံးခန်းကိုလည်း ချိတ်ပိတ်ခိုင်းလိုက်ပြီး တိုင်းမှူးမှာ နားကောင်းမူးဒေသဘက်ကို ဆက်လက်သွားရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းတုံ NLD ရုံး ပုံဟောင်း

“NLD ရုံးကို သန့်ရှင်းရေး လုပ်ပေးတဲ့သူဆီ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က သော့တောင်းယူသွားတယ်။ ပြီးတော့ အထဲဝင်ကြည့်ပြီး ချိတ်ပိတ်သွားတာပဲ။ သော့လည်း သူတို့ပဲ ယူသွားတာ” ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မှူးသည် ၎င်းပါတီကို တရားစွဲပြီး မြို့၏ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းကို စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီး ကျန်အဖွဲ့ဝင် ၆ ဦးကိုလည်း အခြားအဖွဲ့အစည်းကို ထောက်ပို့သည့် သတင်းကြောင့် ထောင်ဒဏ် ၁၅ ခန့် ချမှတ်ခံလိုက်ရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် NLD ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချခဲ့ပြီး ယခင် ရုံးကိုလည်း ချိတ်ပိတ်ခံလိုက်ရသည်ဟု သိရသည်။

“၂၀၂၂ ခုနှစ်တုန်းက NLD ပြည်သူ့လွှတ်တော်ဟောင်းကို စစ်တပ်က ဖမ်းပြီး ထောင်ဒဏ် ၂နှစ် ချလိုက်တယ်။ ပြီး‌တော့ အဖွဲ့ဝင် ၆ ဦးကိုလည်း အခြားသော အဖွဲ့အစည်းကို ထောက်ပို့တယ်ဆိုပြီး ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ အာဏာသိမ်းတဲ့ချိန်ကလည်း ရုံးက ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တယ်၊ ခုလည်း ထပ်လာပိတ်သွားတယ်”ဟု ဖြစ်စဉ်သိရှိသူ ၎င်းဒေသခံအမျိုးသားက ပြောသည်။

အလားတူ ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်တွင်လည်း မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်လာသည့် လူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ပိုက်စိပ်တိုက် လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...