Wednesday, January 28, 2026

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည် ယနေ့ မနက် ၈ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ကွယ်လွန်သွားပြီး လာမည့် ဇွန်လ ၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် သဂြိုဟ်မည်ဟု သိရသည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး၊ ဦးတင်ဦး (အသက်၉၈နှစ်) သည် ယနေ့မနက် (၈:၄၅) တွင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ ရုပ်ကလပ်ကို အမှတ်(၃၀) ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်၌ထားရှိပြီး ၅ရက်နေ့ ဗုဒ္ဓဟူးနေ့တွင်ရုပ်ကလာပ်ကို ဂူသွင်း​ သဂြိုလ်မည် ဖြစ်ပါသည်။ အချိန်ကို ထပ်မံအသိပေးပါမည်” ဟု ၈၈ မျိုးဆက် ဦးမြအေး က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီ ဖြစ်သည့် သူရဦးတင်ဦး သည် ၁၉၄၇ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာရှင် ဦးနေဝင်း က ရာထူးမှ အနားပေးခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် NLD ပါတီ စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ တစ်နှစ်ကြာ ပါတီ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ကာ နာယက အဖြစ် ကွယ်လွန်ချိန်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

ဇေယျကျော်ထင်နှင့် သူရဘွဲ့ ရရှိခဲ့သူ ဦးတင်ဦး ၏ နာရေး အခမ်းအနား ထောင်ကျနေသည့် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်ရမရ ဆိုသည်မှာမူ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဝါရင့် NLD ပါတီဝင် တစ်ဦးက သုံးသပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...

သျှမ်းလူထုရင်ထဲမှာအမြဲရှင်သန်နေတဲ့ “ စဝ်ဆုစန္ဒီ” နတ်ရွာစံ

0
သျှမ်းပြည် သီပေါ စော်ဘွား စဝ်ကြာဆိုင် ရဲ့ မဟာဒေဝီ စဝ်ဆုစန္ဒီ (ခေါ်) အင်ဂါဆာဂျင့် (Inge Sargent) ဟာ ဒီကနေ့ ( ဖေဖော်ဝါရီ ၆) ရက် မနက်ပိုင်းမှာ အမေရိကန်နိုင်ငံရှိ နေအိမ်မှာ နတ်ရွာစံကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၉၁ နှစ်အရွယ်ရှိ မဟာဒေဝီ...