စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု ပေါက်ပါးရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ်ရှိ ကိုအောင်ငွေတိုး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပတ်သက်မှုဖြင့် စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့မှ စတင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် အင်းလေးဒေသမှ နောက်ထပ် လင်မယားနှစ်ဦး အပါအဝင် လူငယ် ၄ ဦးကို စစ်ကောင်စီမှ ထပ်မံဖမ်းဆီးခဲ့သည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် လူငယ်များကို ညောင်ရွှေမြို့နယ် နမ့်ပန်ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ယနေ့ (ဧပြီလ ၂၁ ရက်နေ့) အထိ ပြန်လွှတ်လာပေးခြင်း မရှိသေးကြောင်း ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦးထဲမှ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖမ်းခံထားရတဲ့ လူငယ်တွေက ၈ ယောက် လောက်ရှိတယ်။ အခု နမ့်ပန် ရဲစခန်းမှာ ရှိနေတယ်။ အခုက သူတို့ ညှိနေတုန်းလို့လည်း ပြောတယ်။ ပိုက်ဆံပေးပြီး ပြန်ထုတ်လည်း မရဘူး ဖြစ်နေတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၈ ဦးသည် အသက် (၂၅) နှစ်မှ (၃၀) နှစ်ကြား လူငယ်ဖြစ်ကြပြီး ထိုထဲတွင် အသက် ၂၇ နှစ် လင်းစိုးဇင် ဆိုသူ တစ်ဦး ပါဝင်ပြီး ကျန်သည့် လူငယ် ၇ ဦးကိုတော့ နာမည်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ (ဧပြီလ ၁၅ ရက်) နှင့် (ဧပြီလ ၁၇ ရက်) ၃ ရက်တွင်း အင်းတိန်မှ လူငယ် ၃ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး ကျပ်ငွေ (၁၄) သိန်းဖြင့် ပြန်ရွေးထုတ်ခိုင်းသလို အိမ်မွေး တိရစ္ဆာန် ကြက်၊ ဘဲ ကို ပေးဆောင်ခြင်းဖြင့် လူကိုပြန်ရွေးထုတ်ခိုင်းခြင်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“ တစ်ယောက်ကိုတော့ ည ၉ နာရီက မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာ။ ည ၁၁ ရောက်တော့ ပြန်လာပို့ ပေးတယ်။ သူတို့က ပိုက်ဆံ (၁၄) သိန်း ပေးရတယ်လို့ ပြောတယ်။ ကျန်တဲ့ လူငယ်နှစ်ယောကိုတော့ အင်းတိန်မှာ ဖမ်းမိတာ။ ရွာသူကြီးကို ဖုန်းဆက်တယ်။ သူတို့ကို (ဘဲ) တစ်ကောင် ပေးပြီးမှ ပြန်လွတ်လာပေးတာ “ ဟု ၎င်းက ထပ်မံဖြည့်စွက် ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေပြီး စစ်ကောင်စီမှ ဉပဒေမဲ့ပြုပြီး ဒေသခံများထံ ပိုက်ဆံအတင်း အဓမ္မကောက်ယူသောကြောင့် ယခင်ကထက် ပြည်သူများ၏ လုံခြုံရေး ပိုမိုဆိုးဝါးလာကြောင်း အင်းလေးဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

“ သူတို့က ပိုက်ဆံရနိုင်တဲ့ သူဆီကို ဖမ်းနေတာပဲ။ အသွားအလာတွေ ဆင်ခြင်ကြရတော့မယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆို သူတို့က ကြုံရင် ကြုံသလို ဖမ်းနေတယ်။ ၅ သောင်းရရ၊ ၁ သိန်းရရ လိုက်တောင်းနေတာလေ။ သွားရလာရတာလည်း မလုံခြုံတော့ဘူးလို့ ခံစားရတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ်များသည် ဇနီးမောင်နှံများ ဖြစ်ကြသည့် လွေးလွင်မျိုး (ခ) ကိုမျိုး နှင့် ခိုင်ဇာဝင်း အပါအဝင် ကိုအောင်ငွေတိုး၊ လင်းစိုးဇင် နှင့် အင်းခြံရွာမှ လူငယ် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်ကို အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ (၂၁,၄၆၇) ရှိပြီး သတ်ဖြတ်ခံရသူ (၃,၄၂၂) ရှိကြောင်း ယမန်နေ့ (ဧပြီလ ၂၀ ရက်) တွင် AAPP က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...