‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင် နယ်မြေ မတည်ငြိမ်မှုနှင့် ညောင်ရွှေတွင် စစ်တပ်မှ မကြာမခဏပေါ်တာဆွဲ ဖမ်းဆီးမှု လုပ်ဆောင်လာမှုကြောင့် ဒေသခံများနှင့် ခရီးသွားများက စိတ်လုံခြုံမှုမရှိနေကြောင်း ညောင်ရွှေဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ညောင်ရွှေမှာ ခရီးသွားတွေရော စစ်ရှောင်တွေရော အဖွဲ့အစည်းတွေရော တော်တော်စုံတယ်၊ ဘုရားပွဲဆိုရင် ခရီးသွားတွေ အများလာကြမှာ ဒေသခံတွေလည်း ပွဲတော်ကျင်းပကြတယ်ဆိုတော့ အလုပ်နားပြီး ပါဝင်ကြမှာ၊ ဒီအပေါ်မှာ စစ်တပ်က အခွင့်ကောင်းယူပြီး ပေါ်တာတွေ ဆွဲနိုင်တယ်၊ အရင်ကတည်းက တည်းခိုတဲ့ နေရာတွေမှာ ဝင်ဆွဲနေကြဆိုတော့ စိတ်မချရဘူး။”၎င်းကပြောသည်။

ထို့အပြင် ပွဲတော်ကာလအတွင်း စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO)တို့က လုံခြုံရေးယူမည်ဖြစ်ပြီး လုံခြုံရေး အကြောင်းပြ၍ စစ်ဆေး ငွေညှစ်တောင်းခံမှုများလည်း ရှိသဖြင့် သတိထားသွားလာကြရန် အဆိုပါ အမျိုးသားက အသိပေးပြောထားသည်။

ပွဲတော်ကာလအတွင်း ခရီးသွားများ များလာနိုင်သောကြောင့် ဒေသခံများ၏ အလုပ်ကိုင်အခွင့်လမ်းနှင့် စားဝတ်နေ‌ရေး အဆင်ပြေမှုများလည်း ရှိလာနိုင်သည်ဟု အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပွဲတော်အတွင်းမှာဆို လှေသမားတွေကလည်း အလုပ်ရပြီး စားဝတ်နေရေး အဆင်မပြေလာမှာ၊ ဈေးသည်တွေ နောက်ပြီး အင်းလေး ချည်ထည်တွေဆို ပိုရောင်းကောင်းလာမှာ၊ ဒေသခံတွေအတွက် အသက်ရှုချောင်တာပေါ့လေ၊ ကိုယ့်အင်းလေး ဒေသက ရိုးရာပွဲလည်း ဖြစ်တော့ ဂုဏ်ယူမိတယ်၊ နိုင်ငံရေး အခြေနေ ကောင်းရင်တော့ ပိုပြီး လူစည်တာပေါ့။” ဟု အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို နိုင်ငံရေးအခြေနေများကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစ၍ ပြန်လည် ကျင်းပခဲ့ပြီး လူစည်ကားမှုမရှိခဲ့ကြောင်းနှင့် ယခု ၂၀၂၆ ခုနှစ်တွင် ခရီးသွားများနှင့် စည်ကားလာနိုင်သည်ဟု ၎င်အမျိုးသမီးက ပြောသည်။

ယခု လက်ရှိ တောင်ကြီးခရိုင်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် အင်းလေးကန်အတွင်း ရေကြီးရေလျှံမှုနှင့် ရေလှိုင်းရိုက်ခတ်မှုများကြောင့် ခရီးသွားများ လှေစီးရာတွင် အဆင်မပြေမှုများ ကြုံနေသည်ဟု ခရီးသွားများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင်လည်း ငလျင်ဘေးနှင့် ရေဘေး နလန်မထူနိုင်သည့် ကြား အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို စစ်ကော်မရှင်တပ်နှင့် PNO တပ်တို့ ဦးစီး၍ ဒေသခံများထံ ပိုက်ဆံကောက်ယူကာ ကျင်းပပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...