မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

မြေဖို့စဥ်

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀ ဝန်းကျင်အတွက် ရေအခက်ခဲရှိနိုင်ကြောင်း သိရသည်။

“ သူက ခြံစိုက်ဖို့လိုတယ်ဆိုပြီး ရေများလို့တဲ့ အဲ့နားလာပိတ်သွားတာ။ ကားကြီးတွေနဲ့ ရေထွက်နေရာကို လာမြှုပ်လိုက်တာ။ အဲ့ရေက မရှိတော့ရင် ကျနော်တို့ လယ်သမားတွေအတွက်က လယ်စိုက်ဖို့အတွက် ရေအခက်ခဲတွေ ရှိလာနိုင်တယ်။ လယ်ဧက ၃၀၀ လောက်က အဲ့ရေကို အားကိုးနေရတာ ” ဟု မိုးနဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဦးမောင်စိုးသည် လင်းခေးခရိုင် (NLD) အတွင်းရေးမှူးဖြစ်ပြီး ၎င်း၏ ဖခင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ မိုးနဲ ရေဦးထွက်ကို မြေဖို့ရခြင်းမှာ မြေကို အကွက်ရိုက်ပြီးရောင်းစားရန်ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

အလားတူ ထိုနေရာသည် ပြည်သူများက ဘိုးဘွားစဉ်ဆက်က အသုံးပြုလာသည့်အတွက်ကြောင့် ပိုင်ဆိုင်ထားသူ မရှိထားကြောင်း သိရသည်။

“ အဲ့နေရာကို သူတို့ရောင်းစားဖို့အတွက်ပဲ လာလုပ်ချင်တာထင်တယ်။ အဲ့နေရာက လမ်းမကြီးနဲ့နီးတယ်လေ။ ပြီးတော့ ဈေးကြီးလည်းရတယ်။ အဲ့နားမှာတော့ ကျနော်တို့ ပြည်သူတွေ ဘိုးဘွားလက်ထက်ကတည်းက အဲ့ရေထွက်ကို အသုံးပြုလာရတာ။ တစ်ဦးပိုင်မျိုးတော့ မရှိထားဘူး” ဟု ကတ်နောက်ကျေးရွာ ဒေသခံက ပြောသည်။

အဆိုပါ ရေထွက်ဦးကို လယ်သမားများက နှစ်စဉ်လယ်စိုက်ပျိုးရန်အတွက် အသုံးပြုနေရပြီး ထိုရေမရှိပါက နောင်နှစ်တွေအတွက် လယ်သမားများက စပါးစိုက်ပျိုးရန်အတွက် ရေအလုံလောက်မရှိပဲ ခက်ခဲလာနိုင်ကြောင်း သိရသည်။

“ အဲ့ရေနဲ့ပဲ လယ်တွေစိုက်နေရတာလေ။ အများဆုံးတော့ လယ်စိုက်တဲ့ချိန်မှာပဲသုံးတာ။ အခု မြေမြှုပ်လိုက်ပေမဲ့ ရေတော့ထွက်နေသေးတယ်။ ရေမထွက်တော့ရင် နောက်နှစ်တွေမှာ စပါးစိုက်ပျိုးတဲ့ချိန်မှာ အခက်ခဲရှိနိုင်တယ်။ ရေတွေအလုံလောက်မရှိနိုင်တော့ဘူးပေါ့” ဟု လယ်သမားတစ်ဦးက ပြောသည်။

ကတ်နောက်ကျေးရွာတွင်းရှိ ရေထွက်ဦးကိုလည်း ၂၀၁၆ ခုနှစ်ကလည်းတစ်ကြိမ် မြေဖို့ရန်အတွက် ကြိုးစားခဲ့သည့်အတွက်ကြောင့် ပြည်သူများက ဆန္ဒပြ ကန့်ကွက်ခဲ့ဖူးကြောင်း သိရသည်။

ထိုရေထွက်ဦးသည် ၁၂ ရာသီပတ်လုံး ရေထွက်နေပြီး ပြည်သူများကလည်း စပါးစိုက်ပျိုးရန်၊ လယ်ကြက်သွန်ကို စိုက်ပျိုးရန်အတွက် အဓိက အားကိုးနေရသည့် ရေထွက်ဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...