Wednesday, April 24, 2024

မိုးနဲမြို့

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...

လျှပ်စစ်ဝါယာရှော့မှ နေအိမ်မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ နောင်ကျော့ရပ်ကွက်တွင် ယနေ့ ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်း ၄ နာရီ ဝန်းကျင်တွင် လျှပ်စစ်ဝါယာကြိုးရှော့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မီးလောင်သွားသည့် နေအိမ်သည် လျှပ်စစ်ဝါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ကာ နေအိမ်အပေါ်ထပ်တွင် မီးထဲပါသွားကြောင်း သိရသည်။ “...

မိုးနဲမြို့အတွင်း ပြည်သူ့စစ် ဖွဲ့စည်းပြီး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် တစ်ရပ်ကွက်ကို (၅) ယောက်နှုန်းဖြင့် ပြည်သူ့စစ် ဖွဲ့စည်းပြီးကြောင်း ဒေသခံများထံ စုံစမ်းသိရှိရသည်။ အဆိုပါ ပြည်သူ့စစ်ကို ဖွဲ့စည်းရန် ဇူလိုင် (၁) ရက်က စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က လာရောက်ပြောဆိုခဲ့သည်။ ထိုနောက် ဇူလိုင်လ ဒုတိယပတ်မှာ ပြည်သူ့စစ်ကို ဒေသတွင်း...

မိုးနဲမြို့  အိမ်ဝန်းထဲ အမျိုးသားတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...

မိုးနဲမြို့အတွင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် သောက်ရေ နှင့် သုံးရေများရှားပါးလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ယခုနှစ်အတွင်း ချောင်းရေများ ပိုခမ်းခြောက်လာသည့်အတွက် ပြည်သူများ သောက်သုံးရေ ခက်ခဲလာကြောင်း သတင်းရရှိသည်။ “ ကျမတို့မြို့က အဓိကတော့ ချောင်းရေ၊ မြစ်ရေတွေ သုံးကြတာလေ။ အခု နွေရာသီဆိုတော့ ရေက ခမ်းကုန်တာ။ ရေခမ်းတော့ ရေသုံးဖို့ အခက်ခဲဖြစ်တာပေါ့။ အဲ့ဒီ ချောင်းရေတွေကနေဘဲ သောက်ရေကော၊...

လောင်းကစားဝိုင်းကြောင့် ပြည်သူများစိတ်မလုံခြုံ

စစ်ကောင်စီသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ပြည်သူများ စိတ်လုံခြုံမှုဖြစ်နေကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်အတွင်းတွင် အမည်မသိ အဖွဲ့တစ်ခုမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးနဲမြို့နယ် ဆိုင်းဖယ်ဝမ်မိုင်ရွာဘက်မှာ လုပ်တာပါ၊ တော်တော်ကြာနေပြီ လောင်းကစားဝိုင်းတွေ ဖွင့်တာ။ သွားဆော့တဲ့သူကတော့...

မိုးနဲမြို့ ၁၅ ရက်အတွင်း ကိုဗစ် -၁၉ ပိုးတွေ့သူ ၁၀၀ ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုဗစ် - ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၁၉ ဦးထိ မြင့်တက်လာကြောင်းစုံစမ်းသိရှိရသည်။ မိုးနဲမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ဒေသခံ ၁၄၃၀ ဦးကို ကိုဗစ် ၁၉ ပိုးစစ်ဆေးပေးခဲ့ပြီး...

Latest news