လောင်းကစားဝိုင်းကြောင့် ပြည်သူများစိတ်မလုံခြုံ

စစ်ကောင်စီသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ပြည်သူများ စိတ်လုံခြုံမှုဖြစ်နေကြောင်း စုံစမ်းသိရသည်။

မိုးနဲမြို့နယ်အတွင်းတွင် အမည်မသိ အဖွဲ့တစ်ခုမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မိုးနဲမြို့နယ် ဆိုင်းဖယ်ဝမ်မိုင်ရွာဘက်မှာ လုပ်တာပါ၊ တော်တော်ကြာနေပြီ လောင်းကစားဝိုင်းတွေ ဖွင့်တာ။ သွားဆော့တဲ့သူကတော့ ရှိတယ်။ အိမ်နဲ့နီးတော့ စိတ်တော့မလုံခြုံဘူး” ဟု မိုးနဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဝိုင်းများ ဖွင့်လှစ်ဆော့ကစားမှုကြောင့် ခိုးယူလုယက်မှု၊ မိသားစုတွင်း ပြဿနာများနှင့် တခြားသော လုံခြုံရေးပြဿနာများလည်း ရှိလာနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

ထို့အတူပင် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အမှတ် (၃)ရပ်ကွက် ဘုန်းကြီးကျောင်း အနီးရှိ ကွင်းပြင်ထဲတွင် မိုင်းလီပြည်သူ့စစ်တပ်ဖွဲ့ ဦးဆောင်ပြီး ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများသည် ဖေဖော်ဝါရီလ ၂၂ ရက် နောက်ဆုံး ည ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါလောင်းကစားဝိုင်းကြောင့် အနီးပတ် ဝန်းကျင်တွင်နေထိုင်သည့် ပြည်သူများ အိပ်ကောင်းခြင်းမအိပ်ရနှင့် များစွာအနှောင့်အယှက်ဖြစ်ရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့စဖွင့်ကတည်းက လာဆော့တဲ့သူတွေက နေ့တိုင်းရှိတယ်၊ မူးရူးကြတဲ့သူတွေလည်း အများကြီးပဲ၊ ကျနော်တို့လို ဘေးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေအတွက်လည်း အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်” ဟု သိန္နီမြို့ ရပ်ကွက် (၃)အတွင်း နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေကြားမှာ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေခြင်းသည် လုံခြုံရေးအပြင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုလည်း စိုးရိမ်ကြရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“ကျမတို့ ပြည်သူတွေ အနေနဲ့ကတော့ ဒါက မသင့်လျော်ဘူးလို့ ထင်မိပါတယ်၊ ဒီလို နိုင်ငံရေး မကောင်းတဲ့အချိန် လောင်းကစား ထပ်လုပ်လာတော့ အဓိကက ခိုးယူလုယက်မှုတွေက ပိုများလာမှာအမှန်ပဲ၊ နောက်တစ်ခုက ရောဂါကူးစက် ပျံ့နှံ့လာမယ်” ဟု သိန္နီမြို့ တွင် နေထိုင်သည့် အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦးက ဆိုသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းလုံခြုံရေးများ မရှိသလောက် ဖြစ်နေပြီး တိုင်းရင်းသားလက်နက်ကိုင် ပြဿနာများလည်း ရှုပ်ထွေးနေချိန် အာဏာပိုင်များက အခကြေးငွေယူပြီး လောင်းကစားဖွင့်လှစ်ခိုင်းခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...