မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။

မိုးနဲ ရှေးဟောင်းအမွေအနှစ်

ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး လုပ်ငန်းစဥ်များ စတင်ခဲ့ပြီး လက်ရှိတွင် လူအင်အား ငွေကြေးအင်အား မလုံလောက်မှုများကြောင့် ပြုပြင်မွမ်းမံခြင်းလည်း မပြီးသေးကြောင်း သိရသည်။

“ဒီ ဆင်တောင်က ဆင်ဖြူစေတီဟာ ဆိုရင် မိုးနဲမြို့ရဲ့ အသက်လို့တောင် ပြောလို့ရတယ်၊ တတိယ မိုးနဲ စတင် တည်ထောင်ကတည်းက ဒီစေတီလည်း ပါလာတာပဲ၊ အခုဆို နှစ်ပေါင်း ၇၀၀ ကျော်ရှိနေပြီပေါ့၊ အခု စေတီရဲ့ အခြေအနေက ခုထားတဲ့ တောင်က တဖြေးဖြေး မြေပြိုကျလာလို့ အပေါ်က စေတီလည်း ယိုင်လာတယ်၊ ဒါကြောင့် ဒီတောင် မြေပြိုတာကို ထိန်းဖို့အတွက်နဲ့ စေတီကို ပြုပြင်ဖို့အတွက် အကူအညီတွေ လိုအပ်ပါတယ်” ဟု မိုးနဲမြို့မှ ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူ စိုင်းမောင်ကြီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးနဲမြို့ ဆင်တောင်မှ ဆင်ဖြူစေတီသည် သမိုင်းဝင် ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဖြစ်နေပြီး လက်ရှိတွင် ရှေးဟောင်း ပစ္စည်းပြန်လည်ပြုပြင်မွမ်းမံရေးအတွက် ကျွမ်းကျင်သည့် ပညာရှင် အင်ဂျင်နီယာများက ပြန်လည် ပြုပြင်မွမ်းမံခြင်းအတွက် ခန့်မှန်းခြေ ကျပ်သိန်းနှစ်ထောင် (၂,၀၀၀) နီးပါး ကျသင့်မည်ဟု ပြောဆိုထားကြောင်း လည်း သိရသည်။

အဆိုပါ ဆင်တောင် နှင့် ဆင်ဖြူစေတီသည် AD 1364 ၊ မိုးနဲ တတိယ အဆက်တည်ထောင်ချိန် သတိုးမင်းဖျားမှ အင်းဝပြည်ထောင်ကို တည်ထောင်ချိန်တွင် စတင် တည်ထားကိုးကွယ်ခဲ့သည့်အတွက် နှစ်ပေါင်း ၇၀၀ ကျော် ရှိသည့် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်ဖြစ်ကြောင်းလည်း ရှေးဟောင်းအမွေအနှစ်ချစ်ခင် မြတ်နိုး လေ့လာသူ စိုင်းမောင်ကြီးက ဆက်ပြောဆိုထားသည်။

“လက်ရှိ ဒီသမိုင်းဝင် ရှေးဟောင်းအမွေအနှစ် စေတီက ပြိုကျခါနီး ၊ စောင်းနေပြီ ဖြစ်လို့ ပြန်လည်ပြုပြင်ဖို့ အတွက် လုပ်ဆောင်ရတာ ဖြစ်ပါတယ်၊ တကယ်လို့ မြေငလျင် တစ်ခုဖြတ်သွားရင်လည်း ပြိုကျသွားမယ့် အခြေအနေထိ တောင်ခြေက စောင်းနေပြီ၊ ကျနော်တို့ သျှမ်းရိုးရာ သမိုင်းဝင် အမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်တဲ့ အနေနဲ့ ဒီ စေတီ ပြုပြင်မွမ်းမံရေးကို ပါဝင်ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု စိုင်းမောင်ကြီး က ပြောသည်။

လက်ရှိ အချိန်တွင်လည်း မိုးနဲမြို့မှ ဒေသခံပြည်သူ လူကြီး လူငယ် အရွယ်ပေါင်းစုံတို့မှ စေတီ ပြုပြင်ရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

အဆိုပါ စေတီပြုပြင်မွမ်းမံရေး လုပ်ငန်းစဥ်သည် အရှည်ပေ တစ်ထောင် နှင့် နေ့စဥ် ကူညီလုပ်ဆောင် ပေးနေသည့် ဒေသခံ ၁၀၀ ထက်မနည်း ရှိနေကြောင်း သိရသည်။

ရှေးဟောင်းစေတီ အမွေအနှစ် ပြုပြင်မွမ်းမံရေးအတွက် ပါဝင်ကူညီပေးလိုသည့် စေတနာရှင်များအနေဖြင့် ရိက္ခာဖြစ်စေ၊ ငွေကြေးဖြစ်စေ၊ လူအင်အား ဖြစ်စေ၊ ဉာဏ်အားဖြစ်စေ ပါဝင်ကူညီ ပေးနိုင်သည့်အကြောင်းလည်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...