Tuesday, January 27, 2026

မိုးနဲမြို့အတွင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် သောက်ရေ နှင့် သုံးရေများရှားပါးလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ယခုနှစ်အတွင်း ချောင်းရေများ ပိုခမ်းခြောက်လာသည့်အတွက် ပြည်သူများ သောက်သုံးရေ ခက်ခဲလာကြောင်း သတင်းရရှိသည်။

“ ကျမတို့မြို့က အဓိကတော့ ချောင်းရေ၊ မြစ်ရေတွေ သုံးကြတာလေ။ အခု နွေရာသီဆိုတော့ ရေက ခမ်းကုန်တာ။ ရေခမ်းတော့ ရေသုံးဖို့ အခက်ခဲဖြစ်တာပေါ့။ အဲ့ဒီ ချောင်းရေတွေကနေဘဲ သောက်ရေကော၊ သုံးရေကော သုံးကြတာလေ။ လယ်ထဲမှာ ရေသွင်းတဲ့ရေက သပ်သပ်ရှိသေးတယ်” ဟု မိုးနဲမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ရေခမ်းခြောက်လာခြင်းသည် ကျောက်မီးသွေး တူးဖော်မှုများနှင့်လည်း သက်ဆိုင်မှုရှိနိုင်ကြောင်းနှင့် ချောင်းရေကို ပြန်လည်ပြုပြင်ခြင်း မရှိသောကြောင့် ရေခမ်းခြောက်လာကြောင်း သိရသည်။

“ ရေခမ်းခြောက်တာက ကျောက်မီးသွေးတူးတာနဲ့လည်း သက်ဆိုင်တယ်။ ကျောက်မီးသွေးက မိုးနဲမြို့နယ်ထဲတူးတာတော့ မဟုတ်ဘူး။ မိုးနဲ နဲ့ မောက်မယ်ကြားမှာ တူးတယ်လို့တော့သိရတယ်။ အဲ့ကနေ တူးလို့ ရေကြောထိမယ်ထင်တယ်။ ပြီးတော့ ပြည်သူတွေကလည်း ချောင်းရေကို သန့်ရှင်းရေးမလုပ်ဘူး။ ချုံတွေလည်းထူးလာတယ်။ သန့်ရှင်းရေးမလုပ်ပေးတော့ ရွံ့တွေလည်း တက်လာတာပေါ့” ဟု မိုးနဲဒေသခံ တစ်ဦးက ပြောသည်။

မိုးနဲမြို့နယ်အတွင်း ပြည်သူများက နားခါးချောင်းရေကို လယ်ယာတွင် အသုံးပြုနေလျက်ရှိပြီး နောင်ဥယာဉ်ချောင်းရေကိုတော့ သောက်သုံးရေအဖြစ် အသုံးပြုနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေခမ်းခြောက်မှုကြောင့် ရေကို ဝယ်ယူသုံးစွဲနေရပြီး ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲမှု ရှိလာကြောင်း၊ လက်ရှိ နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကာလအတွင်း ပြည်သူများက လုပ်ငန်းရှားပါးနေသည့် အချိန်ဖြစ်ပြီး ဝင်ငွေလည်း နည်းပါးနေလျက်ရှိကြောင်း သိရသည်။

“ အခုတော့ ရေဝယ်သုံးရတာတွေလည်းရှိတယ်။ ထော်လဂျီ တစ်စီးကို ၃၅၀၀ ပေးရတယ်။ ဈေးတော့ မကြီးဘူးဆိုပေမယ့် အခုကာလ စားဝတ်နေရေးခက်ခဲနေတဲ့အချိန်လေ။ ဝင်ငွေလည်း ပုံမှန်မရှိဘူး ဆိုတော့ ဒါလည်း အပူတစ်ခုဖြစ်လာတာပေါ့။ အရင်ကဆိုရင်တော့ အဲလောက်ထိ မစဉ်းစားရဘူးလေ ” ဟု အထက်ပါ အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးနဲမြို့တွင် ယခင်က နွေရာသီတွင် ရေကန်ခန်သည့် ကာလမျိုးမရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်အတွင်း ရေခမ်းခြောက်မှု ပိုများလာကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းရှိ နမ့်ဟူးစက်တော်နားရှိသည့် ကျောက်မီးသွေးကိုလည်း ကုမ္ပဏီများက တူးဖော်ရန်ကြိုးစားခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

ပင်လောင်း ပြည်သူနှင့် စစ်ရှောင်များ ရေရှားပါးသည့်ဒဏ်စတင်ကြုံနေရ

0
ပင်လောင်းမြို့တွင်းနေထိုင်သည့် စစ်ရှောင်နှင့် ပြည်သူများသည် ယခုလမှ စတင်ကာ ရေရှားပါးသည့် ဒဏ်ကို ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခု ဆောင်းဝင်စချိန်မှ စပြီး ပင်လောင်းမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများကို စတင်ကြုံတွေ့လာရပြီး ယခင်မိုးရာသီအတွင်း သိုလှောင်ထားသည့်​ ရေများကိုသာ အသုံးပြုနေရကြောင်း ပင်လောင်းဒေသခံ တစ်ဦး က...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...