Tuesday, January 27, 2026

ရေရှားပါး

ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...

ပင်လောင်း ပြည်သူနှင့် စစ်ရှောင်များ ရေရှားပါးသည့်ဒဏ်စတင်ကြုံနေရ

ပင်လောင်းမြို့တွင်းနေထိုင်သည့် စစ်ရှောင်နှင့် ပြည်သူများသည် ယခုလမှ စတင်ကာ ရေရှားပါးသည့် ဒဏ်ကို ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခု ဆောင်းဝင်စချိန်မှ စပြီး ပင်လောင်းမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများကို စတင်ကြုံတွေ့လာရပြီး ယခင်မိုးရာသီအတွင်း သိုလှောင်ထားသည့်​ ရေများကိုသာ အသုံးပြုနေရကြောင်း ပင်လောင်းဒေသခံ တစ်ဦး က...

မိုးနဲမြို့အတွင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် သောက်ရေ နှင့် သုံးရေများရှားပါးလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ယခုနှစ်အတွင်း ချောင်းရေများ ပိုခမ်းခြောက်လာသည့်အတွက် ပြည်သူများ သောက်သုံးရေ ခက်ခဲလာကြောင်း သတင်းရရှိသည်။ “ ကျမတို့မြို့က အဓိကတော့ ချောင်းရေ၊ မြစ်ရေတွေ သုံးကြတာလေ။ အခု နွေရာသီဆိုတော့ ရေက ခမ်းကုန်တာ။ ရေခမ်းတော့ ရေသုံးဖို့ အခက်ခဲဖြစ်တာပေါ့။ အဲ့ဒီ ချောင်းရေတွေကနေဘဲ သောက်ရေကော၊...

Latest news