ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။

မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

“အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀) လောက်ရှိမယ်။ အသက်ကြီးလည်း ပါတယ်။ အရင်ဆေးတွေက ခုရောဂါနဲ့ ကိုက်ညီမှုမရှိတော့ ဆေးနဲ့ အနာကိုက်ညီမှု ရှိမဲ့ ဆေးတွေ လိုအပ်နေတယ်။ခုက ဆေးတွေ မလုံလောက်ဘူး။” ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အရေပြားရောဂါဖြစ်ရခြင်းမှာ ရေမသန့်သောကြောင့်ဟု ယူဆရပြီး ထိုရောဂါကြောင့် ကလေးငယ် တစ်ဦးသေဆုံးခဲ့ဖူးသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

မင်းပလောင် စစ်ရှောင်များအခြေအနေကို ကြည့်ရှု့စောင့်ကြည့်ပေးနေသည့် ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော်(DSNDA) မှလည်း ပြည်သူများအနေဖြင့် စစ်ရှောင်များကို ကူညီပေးစေလိုကြောင်း ပြောသည်။

ရွာငံမြို့

“မင်းပလောင်ကို ကိုယ်ချင်းစာတရားလေတွေ ရှေ့ထားပြီး ကူညီပေးကြဖို့ ပြောချင်ပါတယ်။ရေထဲသုံးလို့ရမဲ့ ပိုးသတ်ဆေးတွေ လိုအပ်ပါတယ်။ စစ်ရှောင်တစ်ချို့က သူတို့အမျိုးတွေ ရှိတဲ့ရွာကို သွားနေကြတယ်။ တချို့ကြတော့လည်း ဒီတောထဲပဲ နေကြတယ်။ စားနပ်ရိက္ခာတွေလည်း လိုအပ်ပါတယ်။” ဟု DSNDA မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ် မင်းပလောင်ကျေးရွာသည် ရွာငံမြို့နှင့် မိုင် ၄၀ကျော် အကွာတွင်တည်ရှိပြီး လက်ရှိတွင်ဖုန်းလိုင်း၊ အင်တာနက်လိုက်များဖြတ်တောက်ခံထားသဖြင့် ရွာမှ နာရီဝက်ကျော် လမ်းလျှောက်ပြီး ဖုန်းလိုင်းရသည့် တောင်ပေါ်တွင် ဖုန်းသွားရောက်ပြောဆိုနေရကြောင်း၊ မင်းပလောင်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့် နေရာတစ်ခုဖြစ်သည်။

မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...