ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသတ်ခံရကြောင်း ရွာငံဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါ အသတ်ခံရသူမှာ အသက် (၄၀)ကျော် အရွယ် ရှိပြီဖြစ်ပြီး ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်စိန်ဝင်းသည် ပျူစောထီး အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်းနှင့် ဦးစံတင့်သည်လည်း စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူ ဖြစ်သောကြောင့် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညတုန်းက သူတို့ ညောင်ပင်ခွဘက်ကို သွားရင်း ဖမ်းပြီး အသတ်ခံရတယ်လို့ သိရတယ်၊ ဒလန်လို့ ခေါင်းစဉ်တပ်ပြီး သတ်နေကြတော့ သူတို့လည်း စစ်တပ်နဲ့ လွတ်ကင်းတဲ့သူ မဟုတ်လို့ အသတ်ခံရတာ ဖြစ်နိုင်တယ်၊ တော်လှန်ရေးဘက်ကလည်း သူတို့ကို စာတွေပေးဖူးတယ်လို့လည်း သိရတယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ဒေသခံနှစ်ဦး အသတ်ခံရသောကြောင့် ဒေသတွင်း သွားလာရေး ကန့်သတ်လာပြီး စစ်တပ်ဂိတ်များတွင်လည်း စစ်ဆေး တင်းကျပ်လာနိုင်သောကြောင့် သတိထား သွားလာစေလိုကြောင်း ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် မြင်းကျဒိုးရွာနှင့် ညောင်ပင်ခွ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်များက တပ်စွဲနေရာချသည့် ဒေသဖြစ်သော်လည်း ဒေသတွင်း ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

“မြင်းကျဒိုးက စစ်တပ် အထိုင်ချတဲ့ နေရာဖြစ်တယ်၊ စစ်တပ်ရှိလည်း ပျူစောထီးတို့ အုပ်ချုပ်ရေးမှုးတို့ဆို ခဏခဏ အသတ်ခံရတယ်၊ သူတို့က ဂိတ်လုပ်ထားလည်း ပိုက်ဆံတောင်းဖို့ပဲ သိတာ နယ်မြေအေးချမ်း လုံခြုံအောင် ဘာမှ ကူညီပေးနိုင်တဲ့ တပ်လည်း မဟုတ်ဘူး၊ သူတို့ရှိလည်း ဘာမထူးဘူး အနေကျပ် အသွားကြပ်တာပဲရှိတယ်။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အသတ်ခံရသော နှစ်ဦးအနက် ဦးအောင်ဝင်းစိန်သည် စစ်တပ်များအတွက် ကျေးရွာအတွင်း ကားများကို စာရင်းကောက်၍ အလှည့်ကျ ချောဆွဲပို့ပေးနေပြီး စစ်တပ်အတွက်ဟု ဆို၍ ငွေကြေးကောက်ခံမှုများလည်း ရှိကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် အုပ်ချုပ်ရေးမှုးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် အရပ်သားများ မကြာခဏ အသတ်ခံနေရပြီး မည်သည့် တပ်ဖွဲ့က လာရောက်သတ်ဖြတ်သွားသည်ကို အတိကျ မသိရှိရသော်လည်း ဒေသခံအများစုက PDF အဖွဲ့ ဖြစ်နိုင်ကြောင်း ထင်မြင်ကြသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ၌ နေထိုင်သည့် အသက် ၆၀ ဝန်းကျင် ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် ၎င်း၏လက်အောက်ငယ်သား အမျိုးသားတစ်ဦးတို့ လိုက်ပါစီးနင်းလာသည့် အိမ်စီးကားကို ရွာငံ-အောင်ပန်း အမြန်လမ်းကြီး တစ်နေရာတွင် ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (DSNDA) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...