Thursday, May 2, 2024

ပင်လောင်း ပြည်သူနှင့် စစ်ရှောင်များ ရေရှားပါးသည့်ဒဏ်စတင်ကြုံနေရ

Must read

ပင်လောင်းမြို့တွင်းနေထိုင်သည့် စစ်ရှောင်နှင့် ပြည်သူများသည် ယခုလမှ စတင်ကာ ရေရှားပါးသည့် ဒဏ်ကို ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပင်လောင်းစစ်ရှောင်

ယခု ဆောင်းဝင်စချိန်မှ စပြီး ပင်လောင်းမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများကို စတင်ကြုံတွေ့လာရပြီး ယခင်မိုးရာသီအတွင်း သိုလှောင်ထားသည့်​ ရေများကိုသာ အသုံးပြုနေရကြောင်း ပင်လောင်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရေတွေက စစ်ဘေးရှောင်တွေ အတွက်လည်း အခက်အခဲဖြစ်တယ်။ရွာခံတွေ ဒေသခံ တွေဆို ပို ပြီး အခက်အခဲ ဖြစ်တာပေါ့။ အခု ရွာကနေပြီးတော့ ကြည့်ကြည့်ပြီးစီစဉ်ရတာပေါ့။ မိုးအခံတွေရှိနေသေးလို့ နောက်လ ဆိုရင်တော့ အဆင်ပြေတော့ဘူး”ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ပင်လောင်းမြို့ပေါ်တွင် နိုဝင်ဘာလ ၂၇ ရက် လပြည့်နေမှစပြီး စက်သုံးဆီများ ပြတ်လပ်သွားကြောင်း ဒေသခံများက သျှမ်းသံဆော်ဆင့်ကို ပြောသည်။

“ပင်လောင်းမှာကတော့ ဆီတွေ ပြတ်ပြီ။ဆီမပြတ်ခင်က မြို့ထဲမှာတော့ ဓာတ်ဆီ ၁ လီတာကို ၂၃၇၀ လောက် ထည့် ရသေးတယ်။ ဈေးပတ်တွေ သွားတော့ ရွာတွေမှာဆိုရင် ၁ လီတာကို ၇၀၀၀ လောက်ရောင်းတယ်။ ရွာတွေ မှာကတော့ ဆီတွေပြတ်နေတာကြာပြီ” ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့တွင် စစ်ဘေးရှောင်ကူညီသူ၊အဖွဲ့အစည်းများနှင့် စာရင်းလိုက်ကောက်သူများ ယခင်ထက် နည်းပါးလာသည့် အတွက် စစ်ဘေးရှောင်များ စားဝတ်နေ‌ရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ‌စစ်ဘေးရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article