မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့ ရန်ဖြစ်တာကတော့ လောင်းကစားဝိုင်းထဲလာဖြစ်တာတော့ မဟုတ်ဘူး။ လောင်းကစားဝိုင်းကနေ မကျေနပ်ကြလို့ ရန်ဖြစ်ကြတာ။ မိုးနဲမြို့ထဲက လူငယ် ၆ ယောက်က ကင်တုံရွာသားတစ်ယောက်ကို ဝိုင်းရိုက်ကြတာတဲ့။ ရိုက်ခံရတဲ့သူက ခေါင်းကွဲသွားတယ်” ဟု မိုးနဲမြို့ ဒေသခံ အသက် ၃၅ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း တွေ့ရစဥ်။

မိုးနဲမြို့သည် လောင်းကစားဝိုင်းကို ၄ လကြာ ပိတ်ခဲ့ပြီး ယခု အောက်တိုဘာလအတွင်း ပြန်ဖွင့်လာခဲ့ကြောင်း သိရသည်။
အလားတူ လက်ရှိအချိန်တွင် စိုက်ပျိုးရေးသီးနှံများ ရောင်းချိန်ဖြစ်ပြီး ပြည်သူများ ငွေရချိန်ဖြစ်သည်။

“သူတို့ပိတ်ထားတာ ၄ လလောက်ရှိပြီ။ အခုမှ ပြန်ဖွင့်တာ။ ပြီးတော့ အခုချိန်က ခြံထွက်သီးနှံတွေ ရောင်းတဲ့ချိန်ဖြစ်တယ်။ ပြည်သူတစ်ချို့လည်း ပိုက်ဆံရှိလာပြီ။ အဲ့ကြောင့် ပိုက်ဆံရှိတဲ့ချိန်မှာ သူတို့တွေ ရွေးဖွင့်လိုက်တာ။ ပြည်သူတွေလည်း သွားဆော့ကြတာပေါ့” ဟု ဒေသခံ အမျိုးသားက ပြောသည်။

အလားတူ ဒေသခံတစ်ဦးက “အခုက လောင်းကစားဖွင့်လာပြီဆိုတော့ အိမ်ထောင်စုအရေး ပြဿနာဖြစ်လာတော့မှာ။ ရန်တွေ ပိုဖြစ်လာတော့မှာကို စိုးရိမ်ရတော့မယ်။ လောင်းကစားကြောင့် အိမ်ထောင်ရေးတွေ ပျက်လာနိုင်တယ်။ အခုတောင် လူငယ်တွေ တော်တော်ရန်ဖြစ်နေကြပြီ” ဟု ပြောသည်။

ထိုကင်တုံကျေးရွာသည် လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ကာလာအိုကေ နှင့် ဒုစရိုက်ပေါများစွာသည့် နေရာဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများ ပြန်လည်ထွန်းကာလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...