လျှပ်စစ်ဝါယာရှော့မှ နေအိမ်မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ နောင်ကျော့ရပ်ကွက်တွင် ယနေ့ ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်း ၄ နာရီ ဝန်းကျင်တွင် လျှပ်စစ်ဝါယာကြိုးရှော့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်သွားသည့် နေအိမ်သည် လျှပ်စစ်ဝါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ကာ နေအိမ်အပေါ်ထပ်တွင် မီးထဲပါသွားကြောင်း သိရသည်။

“ မနက်အစောကြီး ၄ နာရီလောက်မှ မီးလောင်သွားတာ။ နာရီဝက်လောက်မီးသတ်လိုက်ရတယ်။ လျှပ်စစ်ဝါယာကြိုးရှော့တိုက်လို့ မီးလောင်သွားတာ။ အိမ်အပေါ်ထပ်မီးထဲပါသွားတာ” ဟု မိုးနဲမြို့ ဒေသခံအမျိုသားက ပြောသည်။

မိုးနဲမြို့ နေအိမ် မီးလောင်

ထိုမီးလောင်မှုကြောင့် အိမ်အပေါ်ထပ်ပေါ်တွင်ရှိသည့် ပစ္စည်းများ ဆုံးရှုံးသွားရပြီး လူထိခိုက်မှု မရှိကြောင်းသိရသည်။

“ မီးလောင်တဲ့ချိန်တော့ မီးလာတဲ့ချိန်ပါပဲ။ အခုတော့မီးပျက်သွားပြီ။ မီးကခနခန ပျက်တယ်။ ပျက်လိုက်လာလိုက်တော့ မီတာက မနိုင်ဘူးထင်တယ်။ အဲ့ကြောင့် မီးထလောင်တာဖြစ်တယ်” ဟု မိုးနဲမြို့ တက်ကြွသည့် အမျိုးသားတစ်ဦးကပြောသည်။

ထိုသို့ လျှပ်စစ်မီးမှ တစ်ဆင့် မီးလောင်မှုမဖြစ်အောင် ပြည်သူများအနေဖြင့် ဝါယာကြိုးများ လဲလှယ် သင့်ကြောင်း မီးကို သတိထားအသုံးပြုသင့်ကြောင်း တာချီလိတ်မှ လျှပ်စစ်ဝါယာကြိုးအကြောင်းသိသူတစ်ဦးက ပြောသည်။

“အခုတလော မီးတွေက လာလိုက်ပျက်လိုက်ဖြစ်တယ်လေ။ လာလိုက်ပျက်လိုက်ဖြစ်တော့ လျှပ်စစ်မီးကနေ မီးတောက်ဖို့လည်းလွယ်တယ်။ အဲ့တာကြောင့် ပြည်သူတွေအနေနဲ့လည်း အိမ်က ဝါယာကြိုးတွေကို လှဲသင့် ရင်လှဲပြီး အသုံးပြုသင့်တယ်။ ပြီးတော့ ညဆိုရင် ဖုန်းအားတွေ၊ ရေနွေးအိုးတွေ၊ ပလပ်ပေါက်မှာသွင်းတာရှိရင် ဖြုတ်ပြီးအိပ်သင့်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် လျှပ်စစ်မီးမှ မီးလောင်မှုသည် ပြည်သူများအနေဖြင့် မိမိကိုယ့်ကိုယ်သာ ဂရုစိုက်အသုံးပြုသင့်ကြောင်း သျှမ်းရှေ့ လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ကတော့ လျှပ်စစ်တွေကိုပဲ ထုတ်ရောင်းပေးတာ။ အနီးနားရှိတဲ့ ဓာတ်တိုင်ထိပဲ ကျနော်တို့ တာဝန်ယူတာ။ အိမ်ထဲထိမကြည့်ဘူး။ သူတို့ လျှပ်စစ်မီးလာတောင်းတုန်းက အိမ်ကလည်း ပညာရှင်တွေနဲ့ပဲ လျှပ်စစ်မီးထည့်ပေးတာ” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိတာကြောင့် သျှမ်းပြည်အတွင်း မကြာခဏ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သျှမ်းရှေ့ ကျိုင်းတုံမြို့တွင်လည်း ဩဂုတ် ၄ ရက်တွင် လျှပ်စစ်အိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...