Tuesday, January 27, 2026

မိုးနဲမြို့  အိမ်ဝန်းထဲ အမျိုးသားတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။

မိုးနဲ

ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

“သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့ တခြား အိမ်တွေနဲ့ ဝေးတော့ဝေးတယ်၊ ၈ နာရီလောက်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်က အိမ်ရှေ့ကနေ သူ့နာမည်ကိုခေါ်လို့ သူထွက်သွားချိန် သေနတ်နှစ်ချက်ပစ်ခံရပြီးနေရာတင်ပွဲချင်းပြီးသေသွားတယ်” ဟု မိုးနဲမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းအိုက်ခြုံကို လာရောက်ပစ်သတ်သူများသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းကိစ္စကြောင့် လာရောက်ပစ်သတ်ကြောင်းကို မသိရကြောင်း အထက်ပါအမျိုးသားက ဆက်လက်ပြောပြသည်။

“သူ့ကို ဘာကြောင့်ပစ်လဲဆိုတာ မသိရသေးပါဘူး၊ ဆိုင်ကယ်စီးသမားတွေက ပစ်ပြီးခြင်း မောင်းထွက်သွားတော့ ဘယ်သူဘယ်ဝါမှန်းမသိလိုက်ရဘူး၊ အခု စိုင်းအိုက်ခြုံအလောင်းကတော့ ဆေးရုံမှာပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် စိုင်းအိုက်ခြုံသည် သျှမ်း-ဗမာ ကပြားလူမျိုးဖြစ်ပြီး အဖွဲ့အစည်းနာမည်များအသုံးပြုကာ ဒေသအတွင်း အခွန်ကောက် (ဆက်ကြေး)ခြင်းများလည်း ပြုလုပ်လေ့ရှိကြောင်း မိုးနဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက သူ(စိုင်းအိုက်ခြုံ) က ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလိုနဲ့ အဖွဲ့အစည်းနာမည်တွေသုံးပြီး အခွန်တွေ ဆက်ကြေးတွေ ကောက်လေ့ရှိတယ်၊ စစ်တပ် (တပ်မတော်) နဲ့လည်း သူပေါင်းတယ်၊ အခုသူသေရတာ အဲ့ဟာတွေနဲ့ ပက်သက်နေမလားတော့ မပြောတတ်ဘူး” ဟု အထက်ပါမျိုးသမီးက ပြောသည်။

ယခုလို နိုင်ငံရေးမငြိမ်မသက်ဖြစ်နေချိန် စီးပွားရေးအလုပ်အကိုင်များလည်း ကျဆင်းလာပြီး မြို့ထဲအထိ ပစ်သတ်များရှိလာသည့်အပေါ် မိုးနဲ့ဒေသခံများက  စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းတွင် လောင်းကစားဝိုင်းများ ပေါများစွာ ရှိနေသည့်အပြင် ခိုးယူလုယက်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် ယခုလို သတ်ဖြတ်မှုများအထိ ရှိလာသည့်အပေါ် ဒေသခံများက လုံခြုံရေးကင်းမဲ့သလို ခံစားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

0
သျှမ်းပြည် ဟိုပုံးမြို့ နယ်တွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာ ယမန်နေ့ (ဇွန်လ ၂) ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သည် အထိ ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံသို့...

မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

0
သျှမ်းပြည် မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါအမျိုးသား ၂ ဦးကို ဧပြီလ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဧပြီလ...