Wednesday, January 28, 2026

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ ထွက်ပြေးရန် ကြိုးစားနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူကထွက်ပြေးလို့ ပစ်သတ်တယ်လို့ ကြားတာပဲ။ အခုရဲစခန်းကို ဖုန်းလှမ်းဆက်တော့ ဟုတ်တယ်၊ ထွက်ပြေးသွားလို့ ပစ်လိုက်တယ် ပြောတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

သို့သော် သူရိန်ထွန်း၏ အလောင်းကို မည်သူက သယ်ဆောင်သွားကြောင်း မသိရပေ။

တရားခံ သူရိန်ထွန်းသည် ပြီးခဲ့သော ဇူလိုင် ၃၀ ရက်တွင် တာချီလိတ်မြို့ ဝမ်ဟောင်ရပ်ကွက်နေ အသက် (၈) နှစ်အရွယ် မငြိမ်းနှင်းနွယ်အား မုန့်ဝယ်ကျွေးမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားပြီး အတင်းအဓမ္မ မုဒိမ်းကျင့် ပြုကျင့်ရာ မိန်းကလေးငယ်က အော်ဟစ်အကူညီတောင်းခံသဖြင့် အသံမထွက်စေရန် လည်ပင်းညှစ်ထားရာမှ သေဆုံးသွားခဲ့ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

ထို့နောက် မိန်းကလေးငယ်၏ အလောင်းကို ဖျောက်ပစ်ရန်အတွက် မယ်ဟုတ်ချောင်းအတွင်း စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ထိုအလောင်းကို သြဂုတ် ၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု နမ့်လွတ် အာခါရွာအနီးရှိ မယ်ဟုတ်ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် တရားခံ သူရိန်ထွန်းကို မုဒိမ်းကျင့် သတ်ဖြတ် အလောင်းဖျောက်မှုဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းက သြဂုတ် ၄ ရက် နံနက်ပိုင်းတွင် (ပ) ၁၆၅/ ၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၇၆/ ၅၁၁/ ၂၀၂ ဖြင့် အမူဖွင့် အရေးယူခံထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...