မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည် မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါအမျိုးသား ၂ ဦးကို ဧပြီလ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဧပြီလ ၄ ရက်) နေ့လယ်တွင် ထိုအမျိုးသား ၂ ဦး၏အလောင်းကို နမ့်မိတ်ချောင်းတံတားအနီးမှာ ပုတ်ပွနေကြောင်းတွေ့ရှိရပြီး ဒေသခံများက ချောင်းဘေးတွင်မီးသဂြိုလ်ပေးခဲ့ရကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့ ၃ ရက်နေ့လောက်က ဖြစ်သွားတာ။ အဲ့မတိုင်ခင်ကတည်းက စစ်တပ်က ဖမ်းထားတာ။ ဖမ်းထားပြီးတော့ အဲ့ညသေနတ်သံသံ ဆက်တိုက်ကြားရတာပဲ” ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် အမျိုးသား ၂ ဦးထဲမှ ၁ ဦးသည် မိုးမိတ်မြို့တောင်ပိုင်း ရွာတော်လေးကျေးရွာမှ ကိုစံရွှေဖြစ်ပြီး ကျန်အမျိုးသား ၁ ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စုံစမ်းမေးမြန်းနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို အကြောင်းပြချက်မရှိဘဲ စစ်ဆေးရန်ဟုဆိုကာ စစ်ကောင်စီတပ်မှ ရွာလယ်ဘုရားသို့ ခေါ်ဆောင်သွားခဲ့ပြီး ပစ်ခတ်ခဲ့သည်။

ထို့အပြင် နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်ဦးရေ ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားပြီး ငွေခြိမ်းခြောက် တောင်းခဲ့သေးကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တုန်းကလည်း ဒီလိုမျိုးဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်။ အဲ့တုန်းက အယောက် ၅၀ လောက် ရှိတယ်။ အခုနောက်ပိုင်းမှထပ်ပြီးကြုံလာရတာ” ဟု အထက်ပါ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်က စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လာပြီးနောက်ပိုင်း ဒေသခံများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချနေကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...