Tuesday, January 27, 2026

မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည် မိုးမိတ်မြို့တွင် ဖမ်းဆီးထားသည့်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါအမျိုးသား ၂ ဦးကို ဧပြီလ ၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ချောင်းစပ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဧပြီလ ၄ ရက်) နေ့လယ်တွင် ထိုအမျိုးသား ၂ ဦး၏အလောင်းကို နမ့်မိတ်ချောင်းတံတားအနီးမှာ ပုတ်ပွနေကြောင်းတွေ့ရှိရပြီး ဒေသခံများက ချောင်းဘေးတွင်မီးသဂြိုလ်ပေးခဲ့ရကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့ ၃ ရက်နေ့လောက်က ဖြစ်သွားတာ။ အဲ့မတိုင်ခင်ကတည်းက စစ်တပ်က ဖမ်းထားတာ။ ဖမ်းထားပြီးတော့ အဲ့ညသေနတ်သံသံ ဆက်တိုက်ကြားရတာပဲ” ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် အမျိုးသား ၂ ဦးထဲမှ ၁ ဦးသည် မိုးမိတ်မြို့တောင်ပိုင်း ရွာတော်လေးကျေးရွာမှ ကိုစံရွှေဖြစ်ပြီး ကျန်အမျိုးသား ၁ ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စုံစမ်းမေးမြန်းနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အရပ်သား ၅ ဦးကို အကြောင်းပြချက်မရှိဘဲ စစ်ဆေးရန်ဟုဆိုကာ စစ်ကောင်စီတပ်မှ ရွာလယ်ဘုရားသို့ ခေါ်ဆောင်သွားခဲ့ပြီး ပစ်ခတ်ခဲ့သည်။

ထို့အပြင် နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်ဦးရေ ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားပြီး ငွေခြိမ်းခြောက် တောင်းခဲ့သေးကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တုန်းကလည်း ဒီလိုမျိုးဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်။ အဲ့တုန်းက အယောက် ၅၀ လောက် ရှိတယ်။ အခုနောက်ပိုင်းမှထပ်ပြီးကြုံလာရတာ” ဟု အထက်ပါ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်က စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လာပြီးနောက်ပိုင်း ဒေသခံများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချနေကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ၊ မိုးမိတ်တွင် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် ရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။ “ခုနကတော့...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...