ကလောမြို့ NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ဆိုင်ကယ်သမား (Biker) တစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၀) ရက်တွင် ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင် အကြမ်းစီး ဆိုင်ကယ် Biker ဖြစ်သူ ကိုရဲပြည့်အောင်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ပိတ်သိမ်းကြောင်း ဗွီနိုင်းစာရွက်လာကပ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ

“မနေ့က စစ်ကားနှစ်စီး နဲ့ ရဲနဲ့စစ်သားတွေ လာပြီး နေအိမ်ကို ပိတ်သိမ်းလိုက်တဲ့အကြောင်း ဗွီနိုင်းလာကပ် သွားပါတယ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အမှုနဲ့ နေအိမ်ကို ချိတ်ပိတ် သိမ်းတာလို့ အဲ့ဒီ ဗွီနိုင်းမှာပါတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်နှင့် ခြံဝန်း ချိတ်ပိတ်ခံရသည့် ကိုအောင်ရဲပြည့်သည် NLD ပါတီ လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး RBK (Ride Behind Kalaw ) အဖွဲ့မှ ဆိုင်ကယ် Biker ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို ထားသည်။

လက်ရှိတွင် ကလောမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ ချိတ်ပိတ်သိမ်းယူခံရသည့် အရပ်သားပြည်သူ နေအိမ် ၅ လုံး ဝန်းကျင်ရှိနေကြောင်းလည်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ပန်းမြို့မှ ပြည်သူ့နေအိမ် ၁၀ လုံးဝန်းကျင်ခန့်သည်လည်း PDF နှင့် NUG ဆက်စပ်မှုများရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီတို့မှ ချိတ်ပိတ် သိမ်းယူထားကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...