ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​

ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ထိုသို့ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ယနေ့ ဩဂုတ်လ (၁၀) ရက်နေ့အထိ ချောင်းရေများ အဆက်မပြတ် စီးဝင်နေပြီး ရေအနည်းငယ်သာ ပြန်ကျသေးသောကြောင့် ရေဘေးသင့် ပြည်သူများအတွက် အဝတ်ထည်နှင့် စောင်များ အကူညီလိုအပ်နေကြောင်း သိရသည်။

“ရေက တဖြေးဖြေးနဲ့ တက်လာတာ လူနေအိမ် တိုက်ပုဆိုရင် မြုပ်ကုန်ပြီ၊ ဒီနေ့အထိ ရေက စီးဝင်တုန်းဆိုတော့ မိုးက သိပ်မရွာပေမဲ့ ရေကနည်းနည်းပဲ ကျသေးတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းတွေ ဘက်မှာ မြို့ခံတွေကို နေရာချထားပေးတယ်”ဟု ရေဘေးကူညီ ကယ်ဆယ်မှု ဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

ကလောမြို့သည် တောင်ပေါ်မြို့ငယ်လေး ဖြစ်သော်လည်း တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်နေသည်မှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရှိပြီ ဖြစ်သည်။

ထို့အပြင် အောင်ပန်း-ကလော သွားလမ်းမှ ကလောအဝင်ဘက်တွင် မြေပြိုနေသောကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ဖြစ်နေပြီး ကလောမြို့ တောင်စောင်းများတွင်လည်း မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။

“လမ်းမှာလည်း မြေပြိုနေလို့ ၃ နာရီလောက် စောင့်ခဲ့ရတယ်၊ ကလောအဝင်နားမှာ တောင်ပြိုနေတာ ၊ကလောမြို့တွင်းလည်း လမ်းဘေးနဲ့ တောင်စောင်းဘက်ဆို မြေပြိုနေတာ၊ တောင်စောင်းမှာ နေတဲ့ သူတွေတော့ ဂရုစိုက်ဖို့ လိုမယ် အရင်ကလည်း ကလောမှာ မြေပြိုလို့ လူတွေသေဖူးတော့ သူတို့လည်း စိုးရိမ်နေကြတယ်။”ဟု ကလောဘက်သို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ကလောတွင် တောင်ကျရေစီးဆင်းမှုနှင့် မြေပြိုမှု ဖြစ်စဉ်များသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေပြီဟု သတိပေးနေပြီ ဖြစ်ကြောင်းနှင့် သစ်ပင်သစ်တောများကို စိုက်ပျိုး ထိန်းသိမ်း သင့်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကလောမြို့၌ မကြုံစဖူး ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်စောင်းရှိ ကျေးရွာများသည် တောင်ကျရေကြောင့် နေအိမ်များ ပျက်စီးပြီး လူသေမှုအထိ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...