နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း နမ့်ခံမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးမရွာတာ နှစ်ရက်တော့ရှိပြီ။ ရေသိပ်မကျသေးဘူး။ တချို့ရွာတွေမှာလည်း သွားလာလို့ခက်ခဲနေတုန်းပါ။”ဟု နမ့်ခံမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့ မှ မန်ဝိန်းကြီးသို့ သွားသည့် လမ်းတလျှောက် ရွှေလီမြစ်နှင့် နီးစပ်သည့် ကျေးရွာများတွင် ရေဝင်ရောက်နေဆဲဖြစ်ပြီး သွားလာရန်ခက်ခဲနေသည့်အပြင် အသိဆွေမျိုးထံ ပြောင်းရွှေ့နေထိုင်နေကြရကြောင်း ၎င်းကဆက် ပြောသည်။

“ဒေသခံအချင်းချင်းပဲ ကူညီတာရှိတယ်။ ဘယ်အဖွဲ့အစည်းမှ လာကူညီတာမျိုးတော့ မရှိဘူး။ ရေမြှုပ်နေတဲ့ အိမ်တွေကတော့ အသိဆွေမျိုးတွေဆီမှာ ပစ္စည်းတွေ ရွှေ့ပြောင်းထားပြီး နေထိုင်နေကြတယ်။ စားသောက်ဖို့အတွက် ကူညီရေးအသင်းတွေ လာလှူပြီး ကူညီတာရှိတယ်” ဟု ၎င်းကဆိုသည်။

နမ့်ခမ်းမြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေလီမြစ်နှင့် နီးစပ်သည့် ကျေးရွာများတွင် ရေကြီးမှုဒဏ် ပိုမိုခံနေရပြီး ရေကြီးမှုကြောင့် ရေမြှုပ်နေသည့် လယ်ယာမြေနှင့် သီးနှံစိုက်ခင်း ဧက ၁,၀၀၀ ထက်မနည်းရှိကြောင်း နမ့်ခမ်းဒေသခံ စိုင်းစိုင်းကပြောသည်။

“စိုက်ပါးစိုက်တဲ့ လယ်တွေ၊ပြောင်းခြံတွေ၊ကြံခင်းတွေကတော့ ရေမြုပ်နေတုန်း။ စာရင်း အဓိကျရဖို့ကလည်း သွားလာရေးခက်ခဲနေတော့ အဓိကျမရနိုင်သေးဘူး။ အရင်နှစ် ရေကြီးတုန်းကလည်း ဧက ၄၀၀၀ ဆိုတော့ အခုလည်း ၁၀၀၀ ထပ်မနည်းလောက်ပါဘူး။”ဟု ၎င်းကဆိုသည်။

ရေကြီးမှုကြောင့် နေအိမ်များ ပျက်စီးမှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် ပျက်စီးသွားသည့် လယ်ယာ စိုက်ပျိုးခင်း ဧက အတိအကျရရန်ခက်ခဲနေကြောင်း နမ့်ခမ်းဒေသခံများကပြောသည်။

နမ့်ခမ်းမြို့သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ဒေသလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း တရုတ်နိုင်ငံ လောင်းကျန်းမြစ်ပေါ်ရှိ ရေကာတာများနှင့် ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရွှေလီမြစ်ရေ မြင့်တက်လာကာ နမ့်ခမ်းမြို့နယ်အတွင်းရှိ မြစ်ဘေးဒေသများတွင် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်းတွင်လည်း တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချနေသည့် အကျိုးဆက်သည် ရွှေလီမြစ်ကမ်းဘေး တစ်ကြောရှိ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခံရနေပြီး ဧကပေါင်း (၄,၀၀၀) ထပ်မနည်း ရေနှစ်မြုပ် ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...