Friday, April 26, 2024

နမ့်ခမ်းမြို့နယ်

“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ...

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

စစ်ကောင်စီ နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်စဥ် လက်နက်ထိမှန်ပြီး (၂) ဦးသေဆုံး၊ ထိခိုက်သူများရှိ

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ စည်ပင်သာယာရေးရုံးရှေ့တွင် စစ်ကောင်စီ နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား ဒရုန်းပစ်ခတ်မှုကြောင့် နမ့်ခမ်း စည်ပင်ဝန်ထမ်း (၁) ဦး နှင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦးထက် မနည်း...

နမ့်ခမ်းမြို့လယ်ဘုရားတွင် စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

မြန်မာ - တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားတွင် ယနေ့ ( နိုဝင်ဘာလ ၆ ရက်) ည ၇ နာရီ ဝန်းကျင်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားကာ...

မူဆယ် နှင့် နမ့်ခမ်းမြို့တို့ ဖုန်းလိုင်း ၊ အင်တာနက်လိုင်းတွေ ပိတ်ခံရ

မြန်မာ - တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပိတ်ခံထားရကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှ စပြီး ယနေ့ (ဒီဇင်ဘာ ၂၆) ရက်ထိ မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တို့တွင် အကြောင်းမဲ့ ဖုန်းလိုင်း...

မူးယစ်ဆေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသည့် မိုင်းဝီးဒေသခံများ TNLA တပ်ဖွဲ့မှ ကောက်ရိတ်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးခံရသည့် ပြည်သူများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကောက်ရိတ်ရန် ခိုင်းစေကြောင်း သတင်းသိရသည်။ မိုင်းဝီးကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်းကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားပြီး မိုင်းခက်...

TNLA မှ ဖမ်းဆီးသွားသည့်သူ ရိုက်နှက်ဒဏ်ရာကြောင့် သေဆုံးရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေး အကြောင်းပြကာ TNLA တပ်ဖွဲ့တို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်လာသော်လည်း ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် အင်အား ၃၀ ခန့်ရှိသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်...

ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် - နမ့်ခမ်း ခရီးသွားပြည်သူများကို တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့မှ အခွန်ကောက် နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇူလိုင် (၁၉) ရက် မနက် ၇ နာရီ ၄၀ မိနစ်က မူဆယ်...

သတင်းပေါက်ကြားမှုကြောင့် မိုင်းဝီး အမျိုးသားတစ်ဦးကို TNLA မှ ပြန်လည်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသခံ အတွင်းဖြစ်စဥ် သတင်းများ ဆိုရှယ် မီဒီယာပေါ် ပေါက်ကြားမှုကြောင့် ဒေသခံအမျိုးသားတစ်ဦးကို တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA မှ ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် သျှမ်းသံတော်ဆင့်မှ စုံစမ်းရေးသားထားသည့် မိုင်းဝီးကျေးရွာအုပ်စုအတွင်း...

မိုင်းဝီးဒေသခံများကို TNLA မှ မူးယစ်အကြောင်းပြဖမ်းဆီး ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့မှ ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့တို့သည် မိုင်းဝီးကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး...

Latest news