မူဆယ် နှင့် နမ့်ခမ်းမြို့တို့ ဖုန်းလိုင်း ၊ အင်တာနက်လိုင်းတွေ ပိတ်ခံရ

မြန်မာ – တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပိတ်ခံထားရကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ဒီဇင်ဘာ ၂၀ ရက်နေ့မှ စပြီး ယနေ့ (ဒီဇင်ဘာ ၂၆) ရက်ထိ မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တို့တွင် အကြောင်းမဲ့ ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပိတ်ခံရကြောင်း သိရသည်။

ထိုသို့ အင်တာနက်လိုင်း ပိတ်ခံရခြင်းသည် စစ်ကောင်စီက တရုတ်နိုင်ငံမှ ပြန်ထွက်လာသည့် ကုန်တင်ကားကြီးများကို စစ်ဆေးရန် လိုအပ်သည့်အတွက်ကြောင့် ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

“ သူတို့ပိတ်တာ ၁ ပတ်လောက်ရှိတော့မယ်။ အကြောင်းမဲ့ ပိတ်လိုက်တာပဲ။ ကျနော်တို့ အထင်တော့ သူတို့ စစ်ဆေးမှုတွေ ပိုပြီး တင်းကြပ်ဖို့လိုလို့ ပိတ်လိုက်တာထင်တယ်။ မြန်မာက ကုန်တင်ကားကြီးတွေ တရုတ်နိုင်ငံကနေ ပြန်ထွက်လာပြီဆိုရင် သူတို့ အစီးတိုင်းကို စစ်ဆေးတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီမှ ကားနံပါတ် ကို ကြည့်ပြီး စစ်ဆေးနေကာ ၎င်းတို့ မှတ်ထားသည့် ကားနံပါတ် ပါရှိပါက ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင်လည်း တရုတ်နိုင်ငံမှာ ကားကြီး အစီး ၄၀၀ ဝန်းကျင်ကို တားဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

“၂၀ ရက်နေ့တုန်းကလည်း တစ်စီးက သူတို့စာရင်းထဲပါလို့ ဖမ်းခေါ်သွားတာ။ ဘာမှ မမေးဘူး။ သူတို့ စာရင်း ရှိထားတဲ့ နံပါတ်ဆိုရင် ချက်ချင်းခေါ်သွားတာ။ အဲ့နေ့တုန်းက ကား ၄၀၀ ကျော်လောက် တရုတ်ဘက် ကနေထွက် လာတာ။ အဲ့တာစောင့်ပြီး စစ်ဆေးနေကြတာ” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တို့တွင် MPT သည် ဖုန်းလိုင်း တစ်မျိုးသာရရှိကြပြီး Mytel သည် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်း ရရှိတော့ကြောင်း သိရသည်။

လက်ရှိမှာ ဝိုင်ဖိုင်လိုင်းတချို့သာ အင်တာနက် ရရှိထားသော်လည်း ဝိုင်ဖိုင်လိုင်း အသစ်တပ်ရန် လက်မခံတော့ကြောင်း မူဆယ်ဒေသခံများကပြောသည်။

အင်တာနက်လိုင်းများ မရရှိသည့်အတွက်ကြောင့် ပြည်သူများက ငွေလွှဲရန် အခက်အခဲ ဖြစ်နေကြောင်းလည်း စျေးသည်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အလုပ်လုပ်ရဖို့အတွက် အခက်ခဲဖြစ်တယ်။ အခုဆိုရင် မန္တလေးဘက်ကို ငွေလွှဲပေးဖို့ လွှဲလို့မရတော့ဘူး။ ပြီးတော့ အွန်လိုင်းကနေလည်း ပြောလို့မရဘူး။ ပုံတွေလည်း ပြလို့မရဘူး။ ဖုန်းဆက်မှာရင်လည်း အဆင်မပြေ ဖြစ်တယ်လေ” ဟု ဈေးသည်တစ်ဦးက ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် ကုန်သွယ်ရေးဇုန် ရှိသည့်ဒေသဖြစ်သည့်အလျောက် လက်နက်ကိုင် အဖွဲ့အစည်း အများအပြား သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...