ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်) တွင် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းလုံခြုံရေး ကွပ်ကဲမှုဌာနချုပ် (ISOC) နှင့် ချင်းမိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းကာ အဆိုပါ Tha Sala နယ်မြေရှိ ဈေးဆိုင်ခန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုမှ မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံခဲ့ရပြီး နေထိုင်ခွင့် သက်တမ်းကျော်လွန်နေထိုင်သူ တစ်ဦး (Overstay)၊ တရားဥပဒေအရ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်ထက်ပိုမိုကျော်လွန် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံသား ၈ ဦး၊ အလုပ်လုပ်ကိုင်ခွင့်ကတ် (ဝေါ့ပါမစ်) မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃ ဦး တို့အား ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားအများစုမှာ Kammakon ဟုခေါ်သော ကျပန်းလုပ်သားအဖြစ်သာ လုပ်ကိုင်ရန် မှတ်ပုံတင်ထားပြီး သတ်မှတ်ထားသော အလုပ်များကို တရားဝင်လုပ်ပိုင်ခွင့်ရှိသော်လည်း လုပ်ပိုင်ခွင့်ထက်ကျော်လွန်နေသည့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ချင်းမိုင် ပျံကျစျေးတွင်း မြန်မာစျေးသည် ၉ဉီးထပ်မံဖမ်းဆီးရမိ

လက်ရှိတွင် အာဏာပိုင်များမှ ဖမ်းဆီးခံရသူများကို ဆက်လက်အရေးယူနိုင်ရန် Mae Ping ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ချင်းမိုင်မြို့ Chang Phueak နယ်မြေတွင် လှည့်လည်ရောင်းချနေသော မြန်မာနိုင်ငံသား ဈေးသည်အမျိုးသမီးအား တရားဝင်အလုပ်လုပ်ပိုင်ခွင့်မရှိဘဲ‌ ဈေးရောင်းချနေကြောင်း တိုင်ကြားမှုအရ ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။

ကိုးကား – Chiang Mai Immigration

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...