ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် စစ်ဆေးစဉ် ၎င်းမြန်မာနိုင်ငံသား အမျိုးသမီးသည် အဆိုပါ Resort တွင်လုပ်ကိုင်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မှာလည်း အထွေထွေလုပ်သားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်ဆေးချက်အရ ထိုအမျိုးသမီးမှာ သက်ဆိုင်ရာဌာနတွင် အလုပ်ရှင်နှင့် အဓိက အလုပ်လုပ်ကိုင်သည့် နေရာတို့ကို တရားဝင် ပြောင်းလဲလျှောက်ထားခြင်း မရှိဘဲ၊ တစ်ရက်လျှင် လုပ်အားခ ထိုင်းဘတ်ငွေ ၄၀၀ ဖြင့်လုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အာဏာပိုင်များမှ အလုပ်စတင်လုပ်ကိုင်သည့် ၁၅ ရက်အတွင်း မိမိ၏ အလုပ်ရှင်၊ လုပ်ငန်းခွင်နှင့် အဓိက အလုပ်အကိုင် အမျိုးအစားတို့အား သက်ဆိုင်ရာထံ အကြောင်းကြားရန် ပျက်ကွက်မှု” ဖြင့် ပြစ်မှုစွဲဆိုထားသည်။

လက်ရှိတွင် သံသယရှိသူ မြန်မာအမျိုးသမီးအား ချင်းဒေါင်မြို့နယ် ရဲစခန်းမှ စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အလုပ်သမား ဦးစီးဌာန၏ ဥပဒေအရ ပြဋ္ဌာန်းထားသော အလုပ်အကိုင် အမျိုးအစား ခွဲခြားထားမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများ သတိပြုရန် လိုအပ်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
ထိုင်းအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်များကို သီးခြားအုပ်စုများ ခွဲခြားထားသည် –

• ကာယလုပ်သား (Kammakon) – ဆောက်လုပ်ရေး၊ စက်ရုံ၊ ကုန်တင်ကုန်ချ၊ စိုက်ပျိုးရေး စသည့် အထွေထွေ ကာယအားစိုက်ရသော အလုပ်များ။
• အိမ်ဖော်/သန့်ရှင်းရေး (Maeban) – နေအိမ်၊ ရီဇော့၊ ဟိုတယ်နှင့် ရုံးများတွင် သန့်ရှင်းရေးနှင့် အိမ်အကူ လုပ်ကိုင်ရသော အလုပ်များ။
ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ခွင့် (Work Permit) ပေါ်တွင် “ခွင့်ပြုထားသည့် အလုပ်အကိုင် အမျိုးအစား” (Type of Work) ကို တိတိကျကျ ဖော်ပြထားသဖြင့်၊ မိမိ ရရှိထားသည့် အလုပ်လုပ်ခွင့်နှင့် အမှန်တကယ် လုပ်ကိုင်နေသည့် အလုပ်အကိုင် မတူညီပါက “ခွင့်ပြုထားသည့် အလုပ်အကိုင် နယ်ပယ်ပြင်ပ ပြောင်းလဲလုပ်ကိုင်မှု” ဖြင့် အလုပ်သမားရော အလုပ်ရှင်ပါ တရားစွဲဆို အရေးယူခြင်း ခံရနိုင်သည်။
ထို့ကြောင့် “ကာယလုပ်သား” အဖြစ် မှတ်ပုံတင်ထားသူတစ်ဦးသည် “သန့်ရှင်းရေး/အိမ်ဖော်” အလုပ်သို့ ပြောင်းလဲ လုပ်ကိုင်လိုပါက –
• အလုပ်မစတင်မီ သို့မဟုတ် စတင်သည့် ၁၅ ရက်အတွင်း အလုပ်သမား ဦးစီးဌာန (Registrar) ထံတွင် အလုပ်ရှင် အမည်၊ အလုပ်နေရာနှင့် အလုပ်အကိုင် အမျိုးအစား (Type of Work) ကို သန့်ရှင်းရေး/အိမ်ဖော် သို့ တရားဝင် ပြောင်းလဲ လျှောက်ထား ပြင်ဆင်ရမည်ဖြစ်သည်။
• လုပ်ငန်းခွင်သစ်၏ အလုပ်ရှင်ကလည်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် တရားဝင် အမည်ပေါက် ပြောင်းလဲပေးရန် လိုအပ်ပါသည်။

အထက်ပါအတိုင်း စာရွက်စာတမ်း ပြင်ဆင်မှု မပြုလုပ်ဘဲ အလုပ်ပြောင်းလဲ လုပ်ကိုင်ပါက ဥပဒေအရ ဖမ်းဆီး အရေးယူခံရမည် ဖြစ်သည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...