ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင် ၂၅၀ ခန့်သည် ချင်းမိုင်မြို့ နေရာ ၁၈ ခုရှိ ကုမ္ပဏီ ၃၁ ခုကို တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် ချင်းမိုင်ခရိုင်အတွင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃၃,၁၄၄ ခုကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန (DBD)၊ မြေယာဦးစီးဌာနတို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက်၊ ပုံမှန်မဟုတ်ဘဲလည်ပတ်နေသော သံသယဖြစ်ဖွယ် ကုမ္ပဏီ ၃၁ ခုကို ပစ်မှတ်ထား စီးနင်းခဲ့ခြင်း ဖြစ်သည်။

ထို ကုမ္ပဏီများသည် ဘတ်ငွေ ၆၃၃ သန်းကျော် (ကာလပေါက်ဈေး) တန်ဖိုးရှိသည့် မြေယာနှင့် အဆောက်အအုံ ၂၉ ကွက် (မြေဧရိယာ ၂၀ ရိုင်ခန့်) ကို တရားမဝင် ဝယ်ယူထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က သံသယရှိသူ စုစုပေါင်း ၇၄ ဦးကို ရာဇဝတ်မှု ၃၁ မှုဖြင့် တရားစွဲဆိုခဲ့သည်။
လက်ရှိအမှုတွင် ချင်းမိုင်ခရိုင်တရားရုံးက တရားဝင် ဖမ်းဝရမ်း ၂၂ စောင် ထုတ်ပြန်ထားပြီး ဝရမ်းထုတ်ခံသည့် နိုင်ငံခြားသားများမှာ အောက်ပါအတိုင်းဖြစ်သည်။

ထိုထဲတွင် မြန်မာနိုင်ငံသား: ၇ ဦး၊ တရုတ်နိုင်ငံသား: ၉ ဦး၊ အိန္ဒိယနိုင်ငံသား: ၃ ဦး၊ ထိုင်းနိုင်ငံသား: ၂ ဦး နှင့် ဗြိတိန်နိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။​

ယခု စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် အဓိက သံသယရှိသူ ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ ၎င်းတို့အနက် မြန်မာနိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ စီးနင်းမှုအတွင်း ဆာရာဖီနယ်မြေ (Saraphi District) ရှိ “Village K.12” အိမ်ရာဝန်းအတွင်း အခြေစိုက်ပြီး ထိုင်းနိုင်ငံသားများကို အမည်ခံကာ တရားမဝင် အိမ်ခြံမြေပိုင်ဆိုင်မှု ရယူထားသည့် ကုမ္ပဏီ ၄ ခု၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဖော်ထုတ်ခဲ့သည်။

ပထမဖြစ်စဉ်တစ်ခုအတွင်း ကုမ္ပဏီဒါရိုက်တာအဖြစ် စာရင်းသွင်းခံထားရသည့် ထိုင်းနိုင်ငံသားတစ်ဦးမှာ ၂၀၂၁ ခုနှစ်ကတည်းက ထောင်ကျနေသူ ဖြစ်သည်။ အဆိုပါ ထောင်ကျနေသည့် ထိုင်းနိုင်ငံသားအား အခြား ထောင်သားဟောင်းတစ်ဦးမှ ဖြားယောင်းမှုကြောင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပေးခဲ့မိခြင်းဖြစ်ကာ အမည် အလွဲသုံးစားလုပ်ခံရပြီး ထိုအခြေအနေကိုလည်း ၎င်းကိုတိုင် မသိရှိခဲ့ပေ။

ဒုတိယဖြစ်စဉ်တွင် အမည်ခံ ထိုင်းရှယ်ယာရှင်တစ်ဦးသည် အိမ်ခြံမြေပွဲစားထံ မှတ်ပုံတင်ဓာတ်ပုံ ပေးပို့ကာ မြေယာဦးစီးဌာနတွင် စာရွက်စာတမ်းအလွတ်များ၌ လက်မှတ်ထိုးပေးရုံဖြင့် တစ်ကြိမ်လျှင် ဘတ် ၇,၀၀၀ ရရှိသည့် အမည်ခံဝယ်ယူပေးသူအဖြစ် လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံသည်။

အခြားဖြစ်စဉ်တစ်ခုမှာ အမည်ခံဖြစ်နေသူ ထိုင်းအမျိုးသမီးမှာ ၎င်း၏ နိုင်ငံခြားသား အလုပ်ရှင်ဟောင်းက လူမှုဖူလုံရေးအတွက်ဟုဆိုကာ တောင်းယူသွားသည့် မှတ်ပုံတင်မိတ္တူကို အသုံးပြု၍ ၎င်းကိုယ်တိုင်မသိဘဲ ကုမ္ပဏီထောင်ခံရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ အလုပ်ရှင်မှာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဒုတိယရဲချုပ်က ရဲတပ်ဖွဲ့အနေဖြင့် အမည်ခံ ရှယ်ယာရှင်များနှင့် ဒါရိုက်တာအားလုံးကို ဥပဒေအရ အရေးယူနေပြီး၊ နောက်ကွယ်မှ အမှန်တကယ် အကျိုးအမြတ်ရရှိနေသူများနှင့် ကြိုးကိုင်သူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်တိုးမြှင့်နေကြောင်း ပြောကြားခဲ့သည်။

ယခုစစ်ဆင်ရေးသည် ဥပဒေကြောင်း၏ ဟာကွက်များကို အလွဲသုံးစားလုပ်ကာ ပြည်တွင်းစီးပွားရေးကို နစ်နာစေသည့် နိုင်ငံခြားသား လုပ်ငန်းကွန်ယက်များ၏အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သည်။
အလားတူ နှိမ်နင်းမှုမျိုးကို ဖူးခက်၊ ခရာဘီ၊ ဖန်င၊ ချွန်ပူရီနှင့် ဆူရတ်ထာနီ (လိပ်ကျွန်း/ဖန်ငန်ကျွန်း) ကဲ့သို့သော အဓိက ခရီးသွားခရိုင်များအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ တိုးချဲ့ဆောင်ရွက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုကဲ့သို့ အမည်ခံလုပ်ငန်းများတွင် ကူညီပံ့ပိုးပေးခြင်း သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်သည့် မည်သည့်အစိုးရဝန်ထမ်းမဆို လုံးဝသည်းခံမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က သတိပေးထားသည်။

ကိုးကား – Chiang Mai News/ Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...