ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို လိုက်လံလမ်းညွှန်ပေးနေစဉ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ မြန်မာနိုင်ငံသား အမျိုးသမီးသည် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခု ဖွင့်လှစ်ကာ မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ်ပေးခဲ့ပြီး၊ တစ်ခေါက်လျှင် ခန့်မှန်းခြေ ဘတ် ၄,၀၀၀ မှ ၅,၀၀၀ အထိ ဝန်ဆောင်ခများကို ကောက်ခံထားကြောင်းတွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့မှ တရားဝင်လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်း လုပ်ကိုင်မှု၊ ဥပဒေအရ သတ်မှတ်ထားသော အခွင့်အရေးများထက် ကျော်လွန်၍ လုပ်ကိုင်နေသော နိုင်ငံခြားသားဖြစ်မှုတို့ဖြင့် စွဲချက်တင်ကာ Phu Ping Ratchaniwet ရဲစခန်းသို့ လွှဲပြောင်းကာ တရားစွဲဆိုထားသည်။

ထိုင်းပြည်သူများ၏ တိုင်ကြားချက်များအရ မြန်မာနိုင်ငံသားများသည် လူမှုကွန်ရက်စာမျက်နှာ၊ ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်တွင် မြန်မာဘာသာဖြင့် ပေ့ချ် (Page) များဖွင့်လှစ်ကာ ခွင့်ပြုချက်မရှိဘဲ ခရီးစဉ်များကို ကြော်ငြာခြင်း၊ ခရီးသွားအစီအစဉ်များ ရေးဆွဲပေးခြင်း၊ ဧည့်လမ်းညွှန်အဖြစ်လည်းကောင်း ယာဉ်မောင်းအဖြစ်ပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ တရားဝင်ခွင့်ပြုချက်များကို ကျော်လွန်၍ ဥပဒေပြင်ပမှ လည်ပတ်ပြီး အစိုးရအခွန်များကို တိမ်းရှောင်ကာ တရားဝင် ထိုင်းကုမ္ပဏီများထက် ဈေးနှုန်းများကို သိသိသာသာ လျော့ချကာ ဈေးကွက်ဖျက် ယှဉ်ပြိုင်နေကြသဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နေသော ထိုင်းဧည့်လမ်းညွှန်များကို ပြင်းထန်စွာ ထိခိုက်နစ်နာစေခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ဗျူရိုက အဓိက ခရီးသွားဆွဲဆောင်ရာ နေရာများရှိ တရားမဝင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများနှင့် ဆက်စပ်နေသည့် ကွန်ရက်များကိုလည်း ဆက်လက်စုံစမ်းသွားပြီး ဥပဒေချိုးဖောက်သူအားလုံးကို ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းပြောကြားထားသည်။

ထိုင်းပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ တရားမဝင် လှုပ်ရှားမှုများကို တွေ့ရှိပါက ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့သို့ ဆက်သွယ်တိုင်ကြားရန်လည်း သတိပေးထားကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...