နမ့်ခမ်းမြို့လယ်ဘုရားတွင် စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား

မြန်မာ – တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားတွင် ယနေ့ ( နိုဝင်ဘာလ ၆ ရက်) ည ၇ နာရီ ဝန်းကျင်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားကာ လက်ရှိအချိန်ထိ ပစ်ခတ်နေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒီညပိုင်း ၇ နာရီဝန်းကျင်လောက်က နမ့်ခမ်းမြို့လယ်ဘုရားမှာ ထပ်ပစ်နေကြတယ်။ အဲ့မှာက စစ်ကောင်စီတပ် နဲ့ TNLA တို့ ပစ်နေကြတာ။ သူတို့ပစ်နေကြတာတော့ ဒီနေ့ နေ့လယ်ကတည်းကစပြီး အခုထိပဲ “ ဟု ၎င်းက ပြောသည်။

နမ့်ခမ်းမြို့မရဲစခန်း

ထို မြို့လယ်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်စွဲနေထိုင်ထားသောကြောင့် မြို့တွင်းလှုပ်ရှားနေသည့် (TNLA) တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယနေ့ (နိုဝင်ဘာလ ၆ ရက်) မွန်းလွဲ ၂ နာရီကျော်အချိန်တွင် နမ့်ခမ်းမြို့လယ်ဘုရားကျောင်းအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်ကိုလည်း TNLA တို့က ဝင်ရောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ ရေးသားဖော်ပြထားခြင်း မရှိပေ။

ထို့အပြင် “ ၁၀၂၇ စစ်ဆင်ရေး “ ရက်သတ္တပတ် ကျော်ကာလအတွင်း နမ့်ခမ်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်၊ နမ့်ခမ်းမြို့ ရဲစခန်းအပါအဝင် ရွှေလီကြိုးတံတားရှိ တပ်စခန်း နှင့် ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...