Sunday, May 5, 2024

ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် – နမ့်ခမ်း ခရီးသွားပြည်သူများကို တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့မှ အခွန်ကောက် နေကြောင်း စုံစမ်းသိရှိရသည်။

TNLA တပ်ဖွဲ့

ယနေ့ ဇူလိုင် (၁၉) ရက် မနက် ၇ နာရီ ၄၀ မိနစ်က မူဆယ် – နမ့်ခမ်းရှိ နမ့်စန့် ဂိုဒေါင်ကျေးရွာတွင် အိမ်စီးကားများ ခရီးသည်တင်ကားများကို TNLA မှ အခွန်ကောက်နေကြောင်း သိရသည်။

TNLA တပ်ဖွဲ့

“သူတို့အင်အား (၃၀) လောက်ရှိမယ်။ လမ်းမကြီးတွေမှာ လုံခြုံရေးယူထားတာတွေလည်းရှိတယ်။ ခရီးသွားလာသူတွေကို စစ်ဆေးမေးမြန်းမှု တင်းကြပ်တာတွေ ပြုလုပ်ပြီး ငွေကြေးတောင်းခံနေကြတယ်။ အိမ်စီးကားဆိုရင် (၅) သောင်းပေးရပြီး ကုန်တင်ကားဆိုရင် (၂) သိန်းလောက်ပေးရတယ်” ဟု ခရီးသွား ပြည်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းသည် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ ပြည်သူများထံ အခွန်ကောက်နေမှုများ ပြုလုပ်သည့်အတွက် ပြည်သူများ အခက်ခဲ ကြုံတွေ့နေရသည်။

Leave a Comments

- Advertisement -spot_img

Latest article