Wednesday, January 28, 2026

စစ်ကောင်စီ နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်စဥ် လက်နက်ထိမှန်ပြီး (၂) ဦးသေဆုံး၊ ထိခိုက်သူများရှိ

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ စည်ပင်သာယာရေးရုံးရှေ့တွင် စစ်ကောင်စီ နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား ဒရုန်းပစ်ခတ်မှုကြောင့် နမ့်ခမ်း စည်ပင်ဝန်ထမ်း (၁) ဦး နှင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက် မှ ထောက်ပို့ လေယာဉ်ဖြင့် လေထီးနှင့် နမ့်ခမ်းမြို့ရှိ စခန်းသစ်ကို လာချသည့် အချိန် TNLA ဘက်မှလည်း ဒရုန်း နှင့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

“နှစ်ဖက်စလုံး အပြန်အလှန်ပစ်တဲ့ အချိန်ကဖြစ်သွားတာ။ ဘယ်အဖွဲ့က လက်နက်ကြီး လက်ချက်လဲဆိုတော့ အသေအချာ မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လေထီးလာချတဲ့အချိန်မှာ စကစ လဲ လေထီးပါလာတဲ့ ပစ္စည်းတွေ စခန်းသစ်ကနေ ထွက်ကောက်ကြတာ TNLA က သိလို့ လက်နက်ကြီးနဲ့လှမ်းထုတာ ဟိုဘက်ကလဲ ပြန်ထုလာတယ်” ဟု နမ့်ခမ်းဒေသခံ မြေပြင် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုထိခိုက်ဒဏ်ရာ ရသူ (၇) ဦးထဲမှ (၃) ဦးသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်သည့် ၄ ဦးကို နမ့်ခမ်းဆေးရုံသို့ ဆေးကုသမှု ခံယူထားကြောင်း မြေပြင်သတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

“စည်ပင်ရုံးရှေ့ကို ထွက်လာပြီး လေထီးချတာ ထွက်ကြည့်တဲ့အချိန်မှာ ထိသွားတာပါ။ အခု (၂) ယောက်သေတဲ့အထဲမှာ တစ်ယောက်က အမျိုးသားဖြစ်ပြီး နောက်တစ်ယောက်က အမျိုးသမီးဖြစ်တယ်။ အဲ့ဒီ သေသွားတဲ့ အမျိုးသမီးရဲ့ ယောက်ျား က လွန်ခဲ့တဲ့ ၁၀ နှစ်က အမှိုက်သိမ်းရင်းနဲ့ မြို့လယ်ဘုရားကျောင်းရှေ့ မှာ ထောင်ထားတဲ့ ဗုံးနဲ့ ထိပြီး ဆုံးသွားခဲ့တာ” ဟု နမ့်ခမ်းဒေသခံ မြေပြင်သတင်းရင်းမြစ် တစ်ဦး ကပြောသည်။

သျှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ တို့ (၁၀၂၇) စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီးနောက် စစ်ကောင်စီသည် နမ့်ခမ်းမြို့အပါအဝင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုကို မာရှယ်လောထုတ်ထားပြီး မနက် (၆) နာရီမှ ည (၆) နာရီအထိ အပြင်သို့ သွားလာခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။

“အခု နှစ်ဖက်တပ်တွေက ညမထွက်ရ အမိန့်ချထားတော့ တမြို့လုံး တိတ်ဆိတ်နေတယ်။ ညနေ ၅:၀၀ နာရီကျော်တိုင်း ဘယ်သူမှမထွက်ကြတော့ဘူး။ TNLA တွေက မြို့ထဲ စျေးနား နဲ့ ရဲစခန်းတွေမှာတော့ နေရာယူထားတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့သည် နိုဝင်ဘာ (၃) ရက်နေ့မှ စတင်ပြီး TNLA တပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် ရက်ဆက်တိုက်နီးပါး နမ့်ခမ်းမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။

လက်ရှိချိန်ထိ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၏ အကြီးဆုံး စခန်းဖြစ်သည့် စခန်းသစ်ကိုတော့ TNLA ဘက်မှ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...