စစ်ကောင်စီ နှင့် TNLA တို့ အပြန်အလှန် ပစ်ခတ်စဥ် လက်နက်ထိမှန်ပြီး (၂) ဦးသေဆုံး၊ ထိခိုက်သူများရှိ

သျှမ်းမြောက် နမ့်ခမ်းမြို့ ရှိ စည်ပင်သာယာရေးရုံးရှေ့တွင် စစ်ကောင်စီ နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား ဒရုန်းပစ်ခတ်မှုကြောင့် နမ့်ခမ်း စည်ပင်ဝန်ထမ်း (၁) ဦး နှင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက် မှ ထောက်ပို့ လေယာဉ်ဖြင့် လေထီးနှင့် နမ့်ခမ်းမြို့ရှိ စခန်းသစ်ကို လာချသည့် အချိန် TNLA ဘက်မှလည်း ဒရုန်း နှင့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

“နှစ်ဖက်စလုံး အပြန်အလှန်ပစ်တဲ့ အချိန်ကဖြစ်သွားတာ။ ဘယ်အဖွဲ့က လက်နက်ကြီး လက်ချက်လဲဆိုတော့ အသေအချာ မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လေထီးလာချတဲ့အချိန်မှာ စကစ လဲ လေထီးပါလာတဲ့ ပစ္စည်းတွေ စခန်းသစ်ကနေ ထွက်ကောက်ကြတာ TNLA က သိလို့ လက်နက်ကြီးနဲ့လှမ်းထုတာ ဟိုဘက်ကလဲ ပြန်ထုလာတယ်” ဟု နမ့်ခမ်းဒေသခံ မြေပြင် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုထိခိုက်ဒဏ်ရာ ရသူ (၇) ဦးထဲမှ (၃) ဦးသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်သည့် ၄ ဦးကို နမ့်ခမ်းဆေးရုံသို့ ဆေးကုသမှု ခံယူထားကြောင်း မြေပြင်သတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

“စည်ပင်ရုံးရှေ့ကို ထွက်လာပြီး လေထီးချတာ ထွက်ကြည့်တဲ့အချိန်မှာ ထိသွားတာပါ။ အခု (၂) ယောက်သေတဲ့အထဲမှာ တစ်ယောက်က အမျိုးသားဖြစ်ပြီး နောက်တစ်ယောက်က အမျိုးသမီးဖြစ်တယ်။ အဲ့ဒီ သေသွားတဲ့ အမျိုးသမီးရဲ့ ယောက်ျား က လွန်ခဲ့တဲ့ ၁၀ နှစ်က အမှိုက်သိမ်းရင်းနဲ့ မြို့လယ်ဘုရားကျောင်းရှေ့ မှာ ထောင်ထားတဲ့ ဗုံးနဲ့ ထိပြီး ဆုံးသွားခဲ့တာ” ဟု နမ့်ခမ်းဒေသခံ မြေပြင်သတင်းရင်းမြစ် တစ်ဦး ကပြောသည်။

သျှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ တို့ (၁၀၂၇) စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီးနောက် စစ်ကောင်စီသည် နမ့်ခမ်းမြို့အပါအဝင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုကို မာရှယ်လောထုတ်ထားပြီး မနက် (၆) နာရီမှ ည (၆) နာရီအထိ အပြင်သို့ သွားလာခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။

“အခု နှစ်ဖက်တပ်တွေက ညမထွက်ရ အမိန့်ချထားတော့ တမြို့လုံး တိတ်ဆိတ်နေတယ်။ ညနေ ၅:၀၀ နာရီကျော်တိုင်း ဘယ်သူမှမထွက်ကြတော့ဘူး။ TNLA တွေက မြို့ထဲ စျေးနား နဲ့ ရဲစခန်းတွေမှာတော့ နေရာယူထားတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့သည် နိုဝင်ဘာ (၃) ရက်နေ့မှ စတင်ပြီး TNLA တပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် ရက်ဆက်တိုက်နီးပါး နမ့်ခမ်းမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။

လက်ရှိချိန်ထိ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၏ အကြီးဆုံး စခန်းဖြစ်သည့် စခန်းသစ်ကိုတော့ TNLA ဘက်မှ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...