“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။

နမ့်ခမ်းမြို့ပေါ် TNLA လှုပ်ရှား

ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ အများပြည်သူပိုင် ပစ္စည်းများအား မူလနေရာဌာနသို့ ပြန်လည်ပေးပို့ရန် အသိပေးအကြောင်းကြားထားသည်။

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်၌ “မြို့သိမ်းတိုက်ပွဲ (1027 – Operation) ဆင်နွဲသည့် ကာလတွင် ဌာနဆိုင်ရာ အသီးသီးရှိ ရုံးပိုင် ပစ္စည်းများ၊ စက်ယန္တရားများ၊ ပရိဘောဂပစ်စည်းများ၊ စာရွက်စာတမ်းများကို မသမာသူများမှ ခိုးယူသွားကြောင်း စုံစမ်းသိရသည့်အတွက် ခိုးယူသွားသည့် ပစ္စည်းများအား မူလနေရာသို့ ပြန်လည်ပေးပို့ရမည်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ အသိပေး ထုတ်ပြန်သည့် အတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဟုလည်း မှတ်ချက်အဖြစ် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အကြား မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်တင်း ကျေးရွာအတွင်း၌ PSLF/TNLA တပ်သားများမှ အရပ်သား ပြည်သူပိုင် ပစ္စည်းများ ရိုက်ခွဲဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ခိုးယူခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တို့၏ တိုက်ပွဲ အပြီး စစ်ရှောင်ထွက်ပြေးသည့် ဒေသခံများ နေရပ်အတွင်း အမြန်ပြန်လာကြရန်နှင့်၊ သတ်မှတ်ထားသည့် နေ့ရက်အတွင်း နေအိမ်သို့ ပြန်ရောက်နေထိုင်မှု မရှိပါက နေအိမ်များကို သိမ်းဆည်းယူမှုလည်း TNLA တပ်မှ ခြိမ်းခြောက်ပြောဆိုမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။

ယင်းကဲ့သို့ PSLF/TNLA အသိပေး ထုန်ပြန်စာ နှင့် TNLA ၏ တပ်သားများမှ အရပ်သား နေအိမ်များ ဖောက်ထွင်း ဖျက်ဆီးခြင်းများ နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် တပ်ဖွဲ့၏ ပြောရေးဆိုခွင့် နှင့် ဆက်ဆံရေး တာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA တပ်ဖွဲ့သည် စစ်ကောင်စီ အခြေစိုက် မြို့/ မြို့နယ်များဖြစ်ကြသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ နမ့်ခမ်းမြို့ နှင့် နမ္မတူမြို့ကဲ့သို့ သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ကျော်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

၎င်းတို့တိုက်ခိုက် ထိန်းချုပ်နိုင်သည့် မြို့နယ်များကို ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများဖြင့် စတင်လည်ပတ် နေကြသော်လည်း တချို့သော မြို့နယ်ရှိ ဒေသခံများက ကန့်ကွက်မှု ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...