Tuesday, January 27, 2026

“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။

နမ့်ခမ်းမြို့ပေါ် TNLA လှုပ်ရှား

ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ အများပြည်သူပိုင် ပစ္စည်းများအား မူလနေရာဌာနသို့ ပြန်လည်ပေးပို့ရန် အသိပေးအကြောင်းကြားထားသည်။

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်၌ “မြို့သိမ်းတိုက်ပွဲ (1027 – Operation) ဆင်နွဲသည့် ကာလတွင် ဌာနဆိုင်ရာ အသီးသီးရှိ ရုံးပိုင် ပစ္စည်းများ၊ စက်ယန္တရားများ၊ ပရိဘောဂပစ်စည်းများ၊ စာရွက်စာတမ်းများကို မသမာသူများမှ ခိုးယူသွားကြောင်း စုံစမ်းသိရသည့်အတွက် ခိုးယူသွားသည့် ပစ္စည်းများအား မူလနေရာသို့ ပြန်လည်ပေးပို့ရမည်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ အသိပေး ထုတ်ပြန်သည့် အတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဟုလည်း မှတ်ချက်အဖြစ် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အကြား မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်တင်း ကျေးရွာအတွင်း၌ PSLF/TNLA တပ်သားများမှ အရပ်သား ပြည်သူပိုင် ပစ္စည်းများ ရိုက်ခွဲဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ခိုးယူခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တို့၏ တိုက်ပွဲ အပြီး စစ်ရှောင်ထွက်ပြေးသည့် ဒေသခံများ နေရပ်အတွင်း အမြန်ပြန်လာကြရန်နှင့်၊ သတ်မှတ်ထားသည့် နေ့ရက်အတွင်း နေအိမ်သို့ ပြန်ရောက်နေထိုင်မှု မရှိပါက နေအိမ်များကို သိမ်းဆည်းယူမှုလည်း TNLA တပ်မှ ခြိမ်းခြောက်ပြောဆိုမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။

ယင်းကဲ့သို့ PSLF/TNLA အသိပေး ထုန်ပြန်စာ နှင့် TNLA ၏ တပ်သားများမှ အရပ်သား နေအိမ်များ ဖောက်ထွင်း ဖျက်ဆီးခြင်းများ နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် တပ်ဖွဲ့၏ ပြောရေးဆိုခွင့် နှင့် ဆက်ဆံရေး တာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA တပ်ဖွဲ့သည် စစ်ကောင်စီ အခြေစိုက် မြို့/ မြို့နယ်များဖြစ်ကြသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ နမ့်ခမ်းမြို့ နှင့် နမ္မတူမြို့ကဲ့သို့ သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ကျော်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

၎င်းတို့တိုက်ခိုက် ထိန်းချုပ်နိုင်သည့် မြို့နယ်များကို ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများဖြင့် စတင်လည်ပတ် နေကြသော်လည်း တချို့သော မြို့နယ်ရှိ ဒေသခံများက ကန့်ကွက်မှု ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...