မူးယစ်ဆေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသည့် မိုင်းဝီးဒေသခံများ TNLA တပ်ဖွဲ့မှ ကောက်ရိတ်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးခံရသည့် ပြည်သူများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကောက်ရိတ်ရန် ခိုင်းစေကြောင်း သတင်းသိရသည်။

ဖမ်းဆီးခံသွားရသူ

မိုင်းဝီးကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်းကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားပြီး မိုင်းခက် ရွာ ဘက်ရှိ TNLA တပ်ဖွဲ့ပိုင် လယ်များမှ စပါးများကို ကောက်ရိတ်ခိုင်းကြောင်း အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းဝီးဒေသက အမျိုးသားတွေကို လမ်းသွားတိုင်း တွေ့ရင် ဆီးခေါ်စစ်တာ၊ မူးယစ်ဆေးဝါးသုံးတာ ဟုတ်မဟုတ် ကျနော်တို့က မသိရပေမဲ့ သူတို့ (TNLA)က မူးယစ်သုံးတယ်လို့ ပြောရင် ဖမ်းခေါ်သွားခံရရော၊ ဖမ်းခံရတဲ့ သူတွေက မိုင်းခက်ရွာဘက်မှာ ကောက်ရိတ်ရတယ်” ဟု အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မိုင်းဝီးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ထားသည့် ဒေသခံရွာသားများ အနက် အများစုသည် သျှမ်းလူမျိုးများဖြစ်ကာ ကချင်လူမျိုး၊ တအာင်းလူမျိုးများလည်း ပါဝင်ကြောင်း ဒေသခံ များက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း တပ်သားအင်အား ၂၀ ကျော်ရှိသည့် TNLA တပ်ဖွဲ့သည် မိုင်းဝီးကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်လာပြီး မူးယစ်ဆေးဝါး စစ်ဆေးတွေ့ရှိသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ရာ ထိုထဲတွင် သျှမ်းလူမျိုး ၂ ယောက်ပါရှိခဲ့သည်။

ဖမ်းဆီးသွားသည့်သူများကို မိုင်းခတ်ဘက်သို့ ပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး TNLA ၏ အုပ်ချုပ်ရေးမှူး အပိုင်း မူဆယ်ခရိုင်၏ ခရိုင်မှူးဖြစ်သူကို ဆက်သွယ်မေးမြန်းရာ ရွာသားများ ဖမ်းဆီးပြီး ကောက်ရိတ်သိမ်းရန် ခိုင်းစေခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွာသားတွေကို ဖမ်းပြီး ကောက်ရိတ်ခိုင်းတာ မရှိပါဘူး၊ အခုအချိန်ကလည်းအားလုံးက ကောက်ရိတ် စပါးသိမ်း ကုန်ကြပါပြီ၊ ကျနော်တို့က ပြည်သူလူထု သက်သာချောင်ချိရေး အဆင်ပြေရေးအတွက်ပဲ ဦးစားပေး လုပ်ဆောင်တာ၊ အဲ့လို ခိုင်းစေတာမျိုးတွေ မရှိဘူး” ဟု TNLA တပ်ဖွဲ့၏ ခရိုင်မှူးဖြစ်သူ က သျှမ်းသံတော်ဆင့်ကို ပြော သည်။

အဆိုပါ မူးယစ်ဆေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသည့် မိုင်းဝီး ဒေသခံများသည် ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိကြောင်းလည်း အထက်ပါ အသက် ၅၀ ဝန်းကျင် အမျိုးသားက ဆက်ပြောသည်။

“အခုထိ ပြန်မလွတ်လာသေးပါဘူး၊ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရဘူး၊ ဖမ်းခံရတဲ့သူတချို့က သက်ကြီးပိုင်းတွေလည်း ပါလို့ စိတ်ပူတာပေါ့” ဟု ၎င်းက ပြောသည်။

မိုင်းဝီးဒေသအတွင်းတွင် TNLA တပ်ဖွဲ့ အပြင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ SSPP/ SSA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ကလည်း သွားလာလှုပ်ရှားနေ လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...