TNLA မှ ဖမ်းဆီးသွားသည့်သူ ရိုက်နှက်ဒဏ်ရာကြောင့် သေဆုံးရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေး အကြောင်းပြကာ TNLA တပ်ဖွဲ့တို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်လာသော်လည်း ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် အင်အား ၃၀ ခန့်ရှိသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ နမ့်ခမ်းမြို့နယ်အတွင်း ဒေသခံများကို မူးယစ်ဆေးဝါးအကြောင်းပြကာ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထိုထဲတွင် အသက် (၆၀) အရွယ်ရှိ လုံးကျော်ဆွေလည်းပါဝင်ခဲ့ပြီး မိသားစုဝင်များ နှင့် သက်ဆိုင်ရာ ရပ်ရွာလူကြီးများ၏ ထောက်ခံမှုကြောင့် သြဂုတ် ၇ ရက်တွင် ခြေလက်ရောင်ကိုင်းဒဏ်ရာ နှင့် ဝမ်းဗိုက်တလျှောက် ညိုမဲဒဏ်ရာဖြင့် ပြန်လွှတ်လာကြောင်း နီးစပ်သည့် ဆွေမျိုးအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ဖမ်းဆီးသွားသည့်သူများ

“TNLA စစ်သားတချို့က အရပ်ဝတ်နဲ့ ရပ်ကွက်ထဲဝင်ဖမ်းတဲ့ စစ်သားကျတော့ အင်အား ၃၀ လောက်ရှိတယ်၊ မိုခမ်းရပ်ကွက်ဘက်လာဖမ်းတဲ့အချိန် ဒေသခံအယောက် ၁၀ နီးပါးမှာ သေဆုံးသွားရတဲ့ ဒီအသက် ၆၀ ကျော် လုံးကျော်ဆွေလည်းပါသွားတာပေါ့၊ ဖမ်းခံရပြီး နှစ်ရက်အကြာ ပြန်လွှတ်လာပေမဲ့ နှိပ်စက်ထားတဲ့ဒဏ်တွေ ကြောင့် မနေ့ကပဲ သေဆုံးသွားတယ်” ဟု ၎င်းဆွေမျိုးက ပြောသည်။

ထို့အပြင် ပြန်လည်လွှတ်မြောက်လာသည့် နေ့ရက်မှ စတင်ကာ အစာရေဆာစားသောက်နိုင်ခြင်း မပြုနိုင်သည့် အတွက် ကိုယ်ခံအားကျဆင်းကာ ယမန်နေ့ (သြဂုတ် ၁၄) ရက် နံနက် ၅ နာရီဝန်းကျင်တွင် နေအိမ်၌ပင် သေဆုံးသွားကြောင်း သိရသည်။

“ပြန်လွတ်လာကတည်းက ဘာမှကောင်းကောင်းစားလို့မရဘူး၊ နာတယ်လို့လည်း ခနခနညည်းပြောလေ့ရှိတယ်၊ ဒီလောက်အသက်ကြီးတဲ့ လူကို ဒီလောက်ထိ ရိုက်နှက်နှိပ်စက်တာ မသင့်တော်ဘူးလို့ထင်တာပဲ၊ အခုတော့ သူက သေဆုံးသွားပြီ” ဟု နီးစပ်သူ ဆွေမျိုးအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးအကြောင်းပြကာ ဒေသခံကို သေဆုံးရသည်အထိ ရိုက်နှက်ခြင်း ကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး ဖြစ်စဥ်အကြောင်းရင်းကို မေးမြန်းသိရှိနိုင်ရန်အတွက် TNLA ပြောရေးဆိုခွင့်ထံ ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

TNLA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင်လည်း အရပ်ဝတ်များဖြင့် မိုင်းဝီးကျေးရွာအုပ်စု အတွင်းမှ ဒေသခံ ပြည်သူများကို မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးထားပြီး ယနေ့အချိန်ထိ ပြန်လည်လွှတ်မြောက် လာခြင်း မရှိသေးကြောင်း သတင်းသိရသည်။

မူးယစ်ဆေးဝါး အကြောင်းပြကာ ဖမ်းဆီးခံရသည့် ရွာသားများကို သျှမ်းပြည်မြောက်ပိုင်း မိုင်းခတ်အတွင်းရှိ လယ်ကွင်းပျက်များ ထွန်ယက်ရန်အတွက် ခိုင်းစေမည်ဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...