TNLA ထိန်းချုပ် နမ့်ခမ်းမြို့နယ် ဆီလီကွန်သတ္တုတူးဖော်ရေးကိစ္စ ဆန္ဒပြခံရ၊ TNLA လာရောက်တားမြစ်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဆီလီကွန်သတ္တုတူးဖော်သည့် ကုမ္ပဏီကို ရွာသားများ ဆန္ဒပြနေစဉ် TNLA တပ်သားများက လာရောက်တားမြစ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ ၅ ရက် နံနက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုတွင် ဆီလီကွန်ကျောက် (သလင်းကျောက်) တူးဖော်ထုတ်ယူနေသည့် မြန်မာရွှေသီးနှံကုမ္ပဏီ Myanmar Golden Crop Co,Ltd. ကို အလိုမရှိကြောင်း ရွာသား (၆၀၀) ကျော်မှ ဆန္ဒပြနေစဉ် TNLA တပ်သားများက လာရောက်တားမြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – မန်စပ်ကျေးရွာအနီး သတ္တုတွင်းလုပ်ကွက်သို့ ရွာသားများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဒေသခံ)

“ဧပြီလ ၁၂ ရက်နေ့မှာ ကျေးရွာလူထုရဲ့ ဆန္ဒသဘောထား မပါဘဲ လုပ်ငန်းဆက်လုပ်ဖို့ စာချုပ်ချုပ်ကြတယ်။ အဲ့ကိစ္စကို ကျေးရွာလူထုကို အသိမပေးလို့ မန်စပ်ဒေသခံတွေက တရုတ်ကုမ္ပဏီနဲ့ ပေါင်းလုပ်နေတဲ့ TNLA ကိုလည်း ဆန္ဒပြတယ်။ သတ္တုတူးတာက သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးတဲ့အပြင် ဘေးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာက လယ်ယာတွေကိုလည်း ထိခိုက်ပျက်စီးစေတယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံများမှ မန်စပ်ရွာအနီးရှိ သတ္တုတွင်းလုပ်ကွက်သို့ သွားရောက်၍ ဆန္ဒထုတ်ဖော်ခဲ့စဉ် “MGC ကုမ္ပဏီ အလိုမရှိ”၊ “စီမံကိန်းနောက်ကွယ်တွင် အဓိက ကြိုးကိုင်နေသူ တားတောင်တန်း အလိုမရှိ”၊ “သတ္တုစီမံကိန်း သဘောတူညီစာချုပ် အလိုမရှိ” စသည့် ကြွေးကြော်ချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပုံစာ – မန်စပ်ကျေးရွာအနီး သတ္တုတွင်းလုပ်ကွက်သို့ ရွာသားများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဒေသခံ

နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာရှိ ဒေသခံများမှ ဆီလီကွန်ကျောက် ဆက်လက်တူးဖော်နေသည့် ရွှေသီးနှံကုမ္ပဏီကို ရပ်တန့်ရန် အကြိမ်ကြိမ် စာပေးပို့ခဲ့သော်လည်း ကျေးရွာလူထု၏ တောင်းဆိုချက်များကို လျစ်လျူရှုထားပြီး လာရောက်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် ကျေးရွာလူထုကို အသိပေး အကြောင်းကြားခြင်း မရှိဘဲ MGC ကုမ္ပဏီဘက်မှ ဆီလီကွန်ကျောက် (သလင်းကျောက်) ထုတ်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် (၃) နှစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် ကျေးရွာလူထုများ သည်းမခံနိုင်ဘဲ ၎င်းသတ္တုတွင်းလုပ်ကွက်သို့ သွားရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်နေစဉ် TNLA တပ်သားများ၏ လာရောက်တားမြစ်ခြင်းကို ခံခဲ့ရပြီး ဦးဆောင်သူများကို ဖမ်းဆီးခေါ်ဆောင်သွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းကြောင့် ဝိုင်းဝန်းတားမြစ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – မန်စပ်ကျေးရွာအနီး သတ္တုတွင်းလုပ်ကွက်သို့ ရွာသားများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဒေသခံ)

နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာတွင် ဆီလီကွန်ကျောက် ဆက်လက်တူးဖော်နေသည့် မြန်မာရွှေသီးနှံကုမ္ပဏီကို ရွာသားများ ဆန္ဒပြစဉ် TNLA တပ်သားများ လာရောက်တားမြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ထို့အပြင် မြန်မာရွှေသီးနှံကုမ္ပဏီ၏ သတ္တုတူးဖော်ခွင့် လုပ်ငန်းလိုင်စင်မှာ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း သတ္တုတူးဖော်မှုကို ရပ်ဆိုင်းခြင်း မရှိဘဲ အလုပ်သမားနှင့် စက်ယန္တယား အရေအတွက်တို့ကို TNLA ထံ စာရင်းလိမ်လည်တင်ပြ၍ ဆီလီကွန်ကျောက်ကို အလွန်အကျွံ တူးဖော်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ၎င်းဆီလီကွန်ကျောက် တူးဖော်မှု စီမံကိန်းကြောင့် ဒေသခံများ၏ လယ်မြေပျက်စီးခြင်း၊ တောတောင်ပျက်စီးခြင်းတို့အပြင် အလုပ်သမားများမှ ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မလုပ်ရပ် ပြုလုပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...