မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်မျိုးမြင့်စိုင်း၏ ရုပ်အလောင်းကို ၁၈ ရက်အကြာ ရှာဖွေပြီးနောက် သြဂုတ်လ ၂၃ ရက်နေ့တွင် ချောင်းဘေးရှိ သစ်ပင်အောက်၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဟဲခမ်းကျေးရွာအနီးရှိ ရွှေလုပ်ငန်းခွင်တစ်ခုတွင်လည်း ဩဂုတ်လ ၂၀ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားရာ ရွှေတွင်းအတွင်း မြေတူးဖော်နေသည့် အသက် ၃၇ နှစ်အရွယ် ဦးသက်ပိုင်စိုး မြေစာများအောက် ပိတ်မိကာ သေဆုံးခဲ့ပြီး၊ အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေသည့် ကိုကျော်ငြိမ်းမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

မိုးရာသီကာလတွင် မိုးရေစိမ့်ဝင်မှုကြောင့် မြေသားပျော့လာပြီး မြေပြိုမှုအန္တရာယ်ဖြစ်နိုင်သလို၊ ချောင်းရေများလည်း အချိန်မရွေး မြင့်တက်လာနိုင်သည့်အတွက် မိဘများအနေဖြင့် ကလေးငယ်များကို အထူးဂရုစိုက်ရန်နှင့် လုပ်သားများအနေဖြင့်လည်း သတိထားလုပ်ကိုင်ကြရန် ဒေသအာဏာပိုင်များက တိုက်တွန်းထားသည်။

တချိန်တည်းမှာပင် အနောက်တောင်မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့်ရက်များအတွင်း မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာ မိုးလေဝသဌာနများက ခန့်မှန်းထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ရေကြီးမှုများကြောင့် လူပေါင်း ၆၅,၀၀၀ ကျော် ရေဘေးသင့်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လက်အောက်ရှိ Reliefweb က ဩဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လာမည့်ရက်များအတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေ ဆက်လက်အားကောင်းနိုင်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရေကြီးနေသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးထပ်မံသည်းထန်နိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို အထူးသတိပြုကြရန်လည်း အဆိုပါအဖွဲ့က သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...