Tuesday, January 27, 2026

မိုင်းငေါ့

TNLA ထိန်းချုပ် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့ ဗုံးကြဲခံရ၊ ကလေးအပါအဝင် အရပ်သားဆယ်ချီသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲရှိ မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သား (၁၂) ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်ထဲရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်...

TNLA ထိန်းချုပ် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၂ ရက်) ည ၁၀ နာရီခွဲဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ပေါ်သို့...

စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ

ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏...

မိုင်းငေါ့မြို့ စစ်ကောင်စီဗုံးကြဲ ဒေသခံ ၅ ဦးဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရှိကာ နေအိမ်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာလ ၁၇)ရက် နေ့လည် ၁၂...

မိုင်းငေါ့ မြို့ဝင်ဆိုင်းဘုတ် မူရင်း သျှမ်းဘာသာနှင့် နောက်တစ်ဘက်တွင် တအာင်း(ပလောင်)စာ ထပ်ဖြည့်

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့တွင် သျှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဝင်ဆိုင်းဘုတ်တွင် မူရင်းအတိုင်း ဆက်ရှိနေပြီး နောက်တစ်ဘက်တွင် မြန်မာစာနှင့်အတူ တအာင်း(ပလောင်)စာကို ထပ်မံဖြည့်ထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့တွင် ယခင်က မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ထားသည့် မြို့ဝင်ဆိုင်းဘုတ်ကို မေလ တတိယပတ်အတွင်းက...

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၅ လုံး မီးလောင်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဘက်တိုက်ပွဲအကြား ပြည်သူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတန်းရပ်ရှိ...

မိုင်းငေါ့ စစ်ရှောင်ကိုယ်ဝန်သည်များ အစားအသောက်နှင့် ငွေကြေး ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်သည်များ အစားအသောက် နှင့်ငွေကြေး ခက်ခဲမှုရှိနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ဘေးရှောင် (၂၀၀)ကျော်ရှိနေပြီး လက်ရှိတွင် ကိုယ်ဝန်သည် ၅ ဦး ရှိနေကြောင်း၊ အဆိုပါ ကိုယ်ဝန်သည်များအပါအဝင် မွေးပြီးစ ကလေးမိခင်များအတွက်ပါ အစားအသောက်များ ခက်ခဲမှုရှိနေ ကြောင်း...

Latest news