ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၅ လုံး မီးလောင်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဘက်တိုက်ပွဲအကြား ပြည်သူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

မိုင်းငေါ့ပြည်သူ့နေအိမ် လေကြောင်းဗုံးကြဲခံရ

ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတန်းရပ်ရှိ ပြည်သူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း မိုင်းငေါ့မြို့ ဒေသခံများက ပြောသည်။

“ဒီမနက် လက်နက်ကြီးကျပြီး မီးလောင်တာ။ ဈေးရပ်ကွက်က စားသောက်ဆိုင်တွေရှိတဲ့နား ကျပြီးတော့ အကုန်မီးလောင်ကုန်တယ်။ ဈေးရပ်ကွက်ရုံး၊ စည်ပင်ရုံးနဲ့ မီးသတ်ရုံးတွေလဲ မီး‌လောင်တဲ့အထဲ ပါတယ်လို့ပြောတယ်။ မီးလောင်သွားတာ ၅ အိမ်ထက် မကဘူး၊ တိုင်တွေပဲ ကျန်တယ်”ဟု မိုင်းငေါ့မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်)က မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်မှ နမ့်တွေနှင့် ကွင်းစလန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း မာမိုကျေးရွာနှင့် နမ့်တွေကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုင်းငေါ့မြို့

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်တွင်လည်း မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မန်ခေါက်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းငေါ့မြို့ ဒေသခံများထံမှ သိရသည်။

မိုင်းငေါ့နေအိမ် လက်နက်ကြီးထိ

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA အနေဖြင့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံမြို့ကိုလည်း ဒီဇင်ဘာလ ပထမပတ်အတွင်းက ထိန်းချုပ်နိုင်ခဲ့ရာ ယခုအခါ မိုင်းငေါ့မြို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစုံတရာ မရရှိဘဲ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လျက်ရှိပြီး သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်မြို့တို့သည် ညီနောင်မဟာမိတ်တပ်တို့၏ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...