TNLA ထိန်းချုပ် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့ ဗုံးကြဲခံရ၊ ကလေးအပါအဝင် အရပ်သားဆယ်ချီသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲရှိ မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သား (၁၂) ဦးထက်မနည်း သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်ထဲရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်လုံနှင့် အထက်တာလုံရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲခံရမှုကြောင့် မန်လုံရပ်ကွက်ဥက္ကဋ္ဌဖြစ်သူ အသက် (၅၀) ကျော်အရွယ် ဦးရွှေဟုန်နှင့် ဒေါ်လှရင်တို့ လင်မယားနှစ်ဦး ပွဲချင်းပြီး သေဆုံး၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ကြောင်း မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မိုင်းလုံမြို့ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-TNLA)

“ဗုံးကြဲသွားတာ ၁၁ နာရီ နည်းနည်းကျော်တယ်၊ လင်မယားနှစ်ယောက် သေတယ်။ အခုသေတဲ့လူက ရပ်ကွက်ဥက္ကဋ္ဌ၊ အိမ်ကတော့ သေချာမသိသေးဘူး။ အထက်တာလုံလည်း အိမ်တစ်အိမ် ထိတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ အခုထိတာက မန်လုံနဲ့ အထက်တာလုံ၊ မန်လုံက အထိအခိုက် အများဆုံး ဒါနဲ့ဆို သုံးကြိမ်မြောက်ပဲ”ဟု မိုင်းငေါ့ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ (၁) ရက်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့တို့ကို လေကြောင်းဖြင့် ဆက်လက်ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် ဒေသခံများလည်း လေကြောင်းအန္တရာယ် ရှောင်ရှားရန် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း သိရသည်။

ပုံစာ – မိုင်းလုံမြို့ လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ-TNLA)

“ကျောက်မဲဘက်လည်း သွားလို့မရ စျေးသည်တွေကို လုံး၀ ပေးမဝင်ဘူး။ အဝင်အထွက် ပေးမလုပ်လို့ စားနပ်ရိက္ခာလည်း ပြတ်နေတယ်။ လပြည့်နေ့က လေယာဉ်လာဝဲတော့ မန်လုံက လူတချို့ ရှောင်သွားကြတယ်၊ တချို့လည်း လက်ဖက်ခြံက တဲမှာ သွားနေကြတယ်”ဟု မိုင်းငေါ့ဒေသခံ အဆိုပါအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) နေ့လယ် ၁၂ နာရီခွဲတွင် TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့အနီး ပဇီကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၁၀) ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများမှာ မိုင်းလုံမြို့အနီး မိုက်ဟုန်းကျေးရွာနေ ဦးအိုက်ဆန်ကြာ (၃၇) နှစ်၊ ဦးစံပွင့် (၃၅) နှစ်၊ ဦးစိုင်းအောင်ဆာ (၂၉) နှစ်၊ ဦးအိုက်ထက် (၂၇) နှစ်၊ ဒေါ်အုန်းခင် (၄၅) နှစ်၊ ဒေါ်လှစိန် (၂၅) နှစ်၊ ဒေါ်အေးမေ (၃၉) နှစ်၊ ဒေါ်ခင်ပ (၂၉) နှစ်၊ ဒေါ်အေးတိတ် (၂၂) နှစ်နှင့် အသက် (၂) နှစ်အရွယ် စိုင်းအိုက်ဦး တို့ဖြစ်ပြီး နေအိမ် (၆) လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...