မိုင်းငေါ့ မြို့ဝင်ဆိုင်းဘုတ် မူရင်း သျှမ်းဘာသာနှင့် နောက်တစ်ဘက်တွင် တအာင်း(ပလောင်)စာ ထပ်ဖြည့်

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့တွင် သျှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဝင်ဆိုင်းဘုတ်တွင် မူရင်းအတိုင်း ဆက်ရှိနေပြီး နောက်တစ်ဘက်တွင် မြန်မာစာနှင့်အတူ တအာင်း(ပလောင်)စာကို ထပ်မံဖြည့်ထားကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့တွင် ယခင်က မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ထားသည့် မြို့ဝင်ဆိုင်းဘုတ်ကို မေလ တတိယပတ်အတွင်းက မြန်မာစာဖြင့် ရေးသားထားသည့် မြို့အမည်နေရာတွင် တအာင်း(ပလောင်)စာနှင့်အတူ ပြင်ဆင်ရေးသားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ မိုင်းငေါ့မြို့အဝင်ရှိ သျှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဝင်ဆိုင်းဘုတ်မှာ တအာင်း(ပလောင်စာ)ဖြင့် အစားထိုး ရေးသားခံလိုက်ရကြောင်း အွန်လိုင်းဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့ရာ မဟုတ်မှန်ကြောင်း မိုင်းငေါ့ဒေသခံများက ပြောသည်။

“မိုင်းငေါ့မြို့အဝင် ဆိုင်းဘုတ်က ဘယ်ညာနှစ်ဘက် ၂ ခု ရှိတာ။ အခု ပလောင်စာနဲ့ ပြန်ရေးတာက အရင်က စည်ပင်အဖွဲ့လုပ်ထားတဲ့ ဆိုင်းဘုတ်မှာ ပလောင်စာနဲ့ ဗမာစာ အတူတူ ပြန်ရေးတာပေါ့။ မြို့သူမြို့သားတွေ ကိုယ်ထူကိုယ်ထနဲ့ သျှမ်းလိုရေးထားတဲ့ ဆိုင်းဘုတ်ကတော့ ဘယ်ဘက်မှာ နဂိုအတိုင်း ရှိပါတယ်၊ ဘာမှ မပြောင်းလဲပါဘူး”ဟု မိုင်းငေါ့မြို့မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့မြို့နယ်ခွဲရှိ သျှမ်းဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို စည်ပင်သာယာရေးအဖွဲ့ ပြုလုပ်ထားသည့် မြို့ဝင်ဆိုင်းဘုတ်နှင့်အပြိုင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးတွင် ၂၀၁၇/၁၈ ခုနှစ်ခန့်က ရဟန်းသံဃာများ ဦးဆောင်ပြီး မြို့မိမြို့ဖများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကာ သျှမ်းအလံနှင့် သာသနာ့အလံတို့လည်း ပါရှိကာ လက်ရှိတွင်လည်း မူရင်းအတိုင်း တည်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

“သျှမ်းစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖျက်ပြီးတော့ တခြားစာနဲ့ အစားထိုး ရေးခံလိုက်ရပြီလို့ ပြောကြတာ မဟုတ်ဘူး၊ အဲ့တာက သက်သက်စီပဲ။ အဖျက်မခံရဘဲနဲ့ တကယ်ဖျက်ခံလိုက်ရသလိုမျိုး သတင်းဖြန့်တာကျတော့ ဒေသခံတွေအတွက် အကျိုးမရှိဘူးလေ၊ အထင်လွှဲစရာ ဖြစ်တာပေါ့”ဟု မိုင်းငေါ့မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မိုင်းငေါ့မြို့ ဒေသခံ ရပ်မိရပ်ဖများနှင့် TNLA တပ်ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ TNLA အုပ်ချုပ်နယ်မြေအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ အခွန်ကောက်ခံခြင်း အပါအဝင် တပ်သားသစ် စုဆောင်းနေခြင်းအပေါ် အဖြေရှာ ဖြေရှင်းသွားမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဧပြီလ (၈) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA တပ်ဖွဲ့အနေဖြင့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့နှင့် မိုင်းလုံမြို့ အပါအဝင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းနှင့် ကွတ်ခိုင် (၇)မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီနှင့် ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ် ရပ်စဲပြီးနောက် ၎င်းမြို့များတွင် အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ရန် လုပ်ဆောင်နေသည်။

အလားတူ မေလ ပထမပတ်အတွင်းကလည်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုရွာအဝင် လမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...