မိုင်းငေါ့မြို့ စစ်ကောင်စီဗုံးကြဲ ဒေသခံ ၅ ဦးဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရှိကာ နေအိမ်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာလ ၁၇)ရက် နေ့လည် ၁၂ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းဖြင့် ပေါင် (၃၀၀)ဗုံး ၂ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦးအပါအဝင် အမျိုးသမီး ၄ ဦးဒဏ်ရာရှိခဲ့ပြီး အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ နေ့လည် ၁၂ ဝန်းကျင် ထမင်းစားချိန်မှာပဲ စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးလာကြဲသွားတယ်။ ဒေသခံ ၅ဦး ထိသွားတယ်။ အိမ်တော့ တော်တော်များများပျက်စီးသွားတယ်။ လေယာဉ်သံက မနက်ကတည်းက ကြားတာ ဒီဘက်လာကြဲမယ်လို့ မထင်တော့ ကိုယ့်အိမ်မှာပဲ နေနေကြတာ။ အခုက တော်တော်လေးလန့်နေကြတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် (နိုဝင်ဘာလ ၁၆ရက်)နေ့ ည ၈နာရီခွဲဝန်းကျင်တွင်လည်း နောင်ချိုမြို့ လုံစံကျေးရွာတွင် စစ်ကောင်စီ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၂ အရွယ်အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတလော စစ်တပ်က နေ့တိုင်းဗုံးလာကြဲတယ် ။ မနေ့က ည ၈ နာရီခွဲဝန်းကျင်လောက်မှာ စစ်တပ်က လေယာဉ်နဲ့ ထပ်မံလာကြဲသွားတယ်။ ထိပြီး သေသွားတဲ့ ကလေးက ၁၂နှစ်ပဲ ရှိသေးတယ်။ ၃ဦးထိခိုက်သွားတယ်။ အခုဆိုရင် မြို့ထဲမှာသိပ်မနေရဲကြတော့ဘူး။ ထပ်ရှောင်တဲ့သူလည်း ရှောင်နေကြတယ်” ဟု ၎င်းက ပြောသည်။

မိုင်းငေါ့မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ဦးဆောင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

TNLA ပူးပေါင်းတပ်ဖွဲ့၏ ကျောက်မဲမြို့သိမ်း တိုက်ပွဲနှစ်လနီးပါးအတွင်း လက်နက်ကြီး၊ လက်နက်ငယ်နှင့် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် သျှမ်းသံတော်ဆင့် လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းအရ အရပ်သားသေဆုံးမှု (၈၀) ဦးထက်မနည်း ရှိခဲ့ပြီး ပြည်သူနေအိမ် (၃၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...