စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ

ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။

မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းကြေညာချက် မထုတ်ပြန်မီ ယမန်နေ့ (မေလ ၅ ရက်) ညပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း မိုင်းငေါ့မြို့နယ်ခွဲရှိ ကွမ်းစလန်းရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ည ၉ နာရီလောက်မှာ ဗုံးလာကြဲသွားတာ ဟုတ်တယ်၊ မိုင်းငေါ့ အနောက်ဘက် ကွမ်းစလန်းနဲ့ ချုံးရွာ ကြားထဲ လာချတာ။ အဲ့ဘက် ဖုန်းလိုင်းမရတော့ ထိခိုက်မှုတော့ မသိဘူး”ဟု မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း ကျောက်မဲမြို့အဝင်ရှိ အမြောက်တပ်ရင်း နေရာဟောင်းကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ယမန်နှစ် ၂၀၂၄ ဧပြီလအတွင်း TNLA ထိန်းချုပ်မှုအောက်ရှိ မိုင်းငေါ့မြို့ မြင်ကွင်း (ဓာတ်ပုံ – TNLA)

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များ ယာယီအပစ်ရပ်ကြောင်း နှစ်ဘက်စလုံး ကြေညာခဲ့သော်လည်း စစ်ကောင်စီဘက်မှ ညီနောင်မဟာမိတ်တပ်များနှင့် PDF ထိန်းချုပ်နယ်မြေအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့သည်။

အလားတူ စစ်ကောင်စီနှင့် TNLA တို့၏ ကူမင်းဆွေးနွေးပွဲ မအောင်မြင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ်များ ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်များဘက်မှ မေလ (၁) ရက်မှ (၃၁) ရက်နေ့အထိ တစ်လတာ ထပ်မံအပစ်ရပ်ထားခြင်းကြောင့် TNLA အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ပြုလုပ်မည် မဟုတ်ဘဲ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ကာ မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...