Tuesday, April 30, 2024

မြေပြို

မိုင်းပျဉ်းလမ်းလုပ်သား ၁၂ ဦး ရေထဲမျောပါ (၁)ဦးသာ ပြန်တွေ့

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြိုကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားကာ (၁)ဦးကိုသာ အသက်ရှင်လျက် ပြန်တွေ့သေးတာဖြစ်ကြောင်း သိရသည်။ မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားတွင် လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်း ဒေသခံတစ်ဦးက...

တောင်ကြီးမြို့တွင် မိုးကြောင့် မြေပြို နေအိမ်များပြောင်းရွှေ့ရ

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှု ဖြစ်ပွားကာ လူနေအိမ်များ ပြောင်းရွှေ့လိုက်ရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၈ ရက်က မြို့မရပ်ကွက်တွင် မြေပြိုမှုကြောင့် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့်သက်ဆိုင်ရာ ဆွေမျိုးများ နေအိမ်သို့ရွှေ့ပြောင်းပေးရကြောင်း တောင်ကြီးမြို့...

မူဆယ်မြေပြို အိမ် ၁၀ လုံးကျော် ပျက်စီး လူသူသေကြေထိခိုက်မှုမရှိ

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ယခုရက်ပိုင်း မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ခရစ်ယာန်ရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက် နေအိမ် ၁၀ လုံးကျော်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် တောင်စောင်းတွင် နေထိုင်သည့် ခရစ်ယာန်ရပ်ကွက်နေအိမ် ၁၃လုံး နှင့်...

မိုင်းဆတ်မြို့တွင် တောင်မြေပြိုကျမှုကြောင့် လမ်းအလုပ်သမား ၃ ဦး မြေပိသေဆုံး  

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်မြေပြိုကျရာ လမ်းဆောက်လုပ်ရေးအလုပ်သမား ၃ ဦး မြေပိမိသေဆုံးကြောင်းသိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့က မိုင်းဆတ်နှင့် မိုင်းကုတ်မြို့အကြား ၀မ့်လွယ်ဆောဝ်ရွာအနီးတွင် ၃ နေရာမြေပြိုကျရာ လမ်းဆောက်လုပ်ရေးအလုပ်သမားများနေထိုင်သည့်တဲများပေါ်သို့ လည်း မြေပြိုကျပိမိသဖြင့် သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။ “အလုပ်သမားနားနေတဲ့နေရာမှာပြိုကျတယ်။ ၃ ယောက် ပိမိသေဆုံးတယ်။ သူတို့အလောင်းတွေကို...

Latest news