တောင်ကြီး ကျောင်းကြီးစု ရပ်ကွက်အတွင်း မြေပြိုမှုစတင်ဖြစ်ပေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု နယ်မြေ ၆ ရပ်ကွက်ထဲတွင် မြေပြိုမှုစတင်ဖြစ်ပေါ်နေပြီး နေအိမ်တစ်လုံးထိခိုက်ထားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ကျောင်းကြီးစု နယ်မြေ ၆ အတွင်း တောင်စောင်းမှ မြေပြိုဆင်းလာမှုကြောင့် နေအိမ်ထိခိုက်မှုပါရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၆ ရက်နေ့ မနက်တည်းက စဖြစ်နေတာပေါ့ ညနေ ၃ နာရီလောက်ကျတော့ အိမ်ကိုပါ လာပိသွားတာ၊ မနက်တည်းက တဖြည်းဖြည်း အိကျလာတာ၊ အဲ့အိမ်က အပေါ်ဆုံးမှာ အောက်မှာက အိမ် ၄၀ လောက်ရှိနေတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ မြေပြိုဆင်းမှုများရှိနေသော်လည်း အနီးတဝိုက်မှ နေထိုင်သူများမှာ ဖယ်ရှားခြင်း၊ အန္တရာယ်ရှိကြောင်း အသိပေးခြင်း မရှိကြောင်း သိရသည်။

“ပေ ၃၀၀ လောက်ကနေ မြေကပြတ်ကျလာပြီး အိမ်ကိုလာပိတာ အောက်မှာ အိမ် အလုံး ၂၀ လောက်ထိနိုင်တယ်၊ မိုးဆက်ရွာရင် အချိန်မရွေးပြိုနိုင်တယ်၊ တခြားအိမ်တွေက ဆက်နေနေကြတုန်းပဲ အန္တရာယ်ရှိကြောင်း အသိပေးတာတွေလည်း မတွေ့ရဘူး ဖြစ်မှ ဝိုင်းလှူကြမယ်ဆိုတဲ့ နိယာမ ကိုင်ထားကြတာ၊” ဟု ၎င်းကပြောထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင်လည်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နှင့် ဝါးပြားရပ်ကွက်များတွင်လည်း မြေအောက်ရေပြန်လည် စိမ့်ထွက်မှုများလည်းရှိခဲ့ပြီး မြေကျွံနိုင်မည့်အန္တရာယ်များကိုလည်း ဂရုစိုက်သင့်ကြောင်း နားလည်သူများကပြောသည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့က ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုမှုမှုဖြစ်ပွားခဲ့သောကြောင့် မြေအဖွား ၂ ဦး မြေပိ သေဆုံးမှုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအပါအဝင် လွိုင်လင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တွင် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများ ရုတ်တရက် ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၁၄၀ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...