မဲနယ်တောင်ဒေသ စစ်မှုထမ်းကြေး မထည့်သူများ ရေဘေးသင့်အလှူငွေ အပြည့်မရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် စစ်ကြေးငွေ လစဉ်မထည့်နိုင်သူများကို ရေဘေးအလှူငွေ အပြည့်မရရှိနိုင်ကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၂၂)ဦး ရှိသည်။ 

မဲနယ်တောင်ဒေသ

မဲနယ်တောင်ဒေသအတွင်း အချို့ ကျေးရွာများသည် ရေကြီး၊မြေပြိုမှု ထိခိုက်ပျက်စီးများကာ လမ်းပန်းဆက်သွယ်ရေးသွားလာရခက်ခဲသဖြင့် အလှူရှင်များနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များက စံဖူးကျေးရွာအုပ်စုတွင် စုဝေးကာ ငွေလှူဒါန်းခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တချို့ကျေးရွာက အလှူရှင်တွေသွားလို့မရဘူး။ ကျေးရွာကော်မတီက ရွာသူကြီးကိုပဲပေးလိုက်တာ။ ရွာသူကြီးက ဘာလို့အပြည့်မရလဲမေးတော့ စစ်မှုထမ်းငွေကြေးမထည့်တဲ့အတွက် ဖြတ်ယူသွားတာလိုက်တယ်လိုပြောတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ 

လက်ရှိကျေးရွာဒေသများတွင် နေအိမ်များ ပြန်လည်ပြုပြင် သန့်ရှင်းရေးပြုလုပ်နေကြပြီး စိုက်ပျိုးထားသည့် ခြံ၊ လယ်ယာတွေထဲတွင် ကျောက်ခဲ၊ကျောက်တုံးများပိနေပြီး စားဝတ်နေရေးအတွက် အခက်ခဲကြုံတွေ့ နေရကြောင်း အသက် ၂၇နှစ်အရွယ် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုရွာမှာတော့ သန့်ရှင်းရေးတွေပြန်လုပ်နေကြတယ်။ လမ်းတွေလမ်း ပြန်လည်ကောင်းအောင် လမ်းဖောက်နေကြတယ်။ စိုက်ထားတဲ့ အသီးအနှံ လယ်ယာတွေထဲတော့ ကျောက်တုံးတွေပိပြီး ဘာမှလုပ်စားလို့ မရဘူး မိုးတွေထပ်ကြီးလာမှာကို ကြောက်နေရတယ် “ ဟု ၎င်းကပြောသည်။ 

လက်ရှိမဲနယ်တောင်ဒေသတွင် စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း လူငယ်အများစုမှာ ပြည်ပရောက်ထွက်ခွားကြသဖြင့်ကျေးရွာများတွင်သက်ကြီးရွယ်အိုများသာ ကျန်ကြောင်း မဲနယ်တောင် ဒေသခံများကပြောသည်။ 

မဲနယ်တောင်ဒေသတွင် ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအလှူရှင် များစွာလိုအပ်နေကြောင်း သိရသည်။ မဲနယ်တောင် အရှေ့ဘက်ခြမ်းတွင် အလှုရှင်းများ မရောက်နိုင်သေးသည့် ကျေးရွာများအခက်အခဲများစွာ ရင်ဆိုင်နေရသည်။  

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...