စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့် နည်းအမျိုးမျိုးဖြင့် စစ်သားစုဆောင်းခဲ့သည်။

ထိုသို့ စစ်သားစုဆောင်းသည့်ထဲတွင် ရွာငံမြို့နယ်မှ ဒေသခံများကို မဲနှိပ်ခိုင်းစေပြီး စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် ဒေသခံ (၅)ဦးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် မဲနှိပ်ရွေးချယ်ခဲ့ရာ ထိုထဲမှ (၃)ဉီးသည် ပြန်လွှတ်လာပြီး ကျန်နှစ်ဉီးသည် တိုက်ပွဲအတွင်းကျဆုံးသွားကြောင်း စစ်မှုထမ်းမှ ပြန်လွတ်လာသည့် ရွာငံမြို့နယ် မှ ဒေသခံ အမျိုးသားတစ်ဉီးကပြောသည်။။

“ကျနော်တို့ ရွာငံဘက်က (၅)ယောက်မှာ (၃)ယောက်ပဲ အိမ်ပြန်လာနိုင်တယ်။ နှစ်ယောက်က ရှေ့တန်းမှာ ဆုံးသွားတယ်။ မိသားစုနဲ့ ပြန်မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ၊ အခုကတကယ်အိပ်မက်ပါပဲ” ဟု စစ်မှုထမ်းမှ ပြန်လွတ်လာသသူက ပြောသည်။

ထိုသူသည် စစ်မှုတမ်းသွားချိန်တွင် အသက် (၂၄)နှစ်အရွယ်သာရှိသည်။

စစ်မှုထမ်းခေါ်ခံရပြီးနောက် တောင်ကြီးခရိုင် ဟိုပုံးမြို့တွင် စစ်သင်တန်း တစ်လတက်ရပြီး၊ ရပ်စောက်မြို့ရှိ တပ်ထဲတွင် နှစ်လနေထိုင်ရကာ ရခိုင်ပြည်ဘက်သို့ ပို့ခံရကြောင်း ၎င်းကပြောပြသည်။

“ ရခိုင်ပြည်ရောက်တော့ ရှေ့တန်းပို့တာပဲ။ အတွေ့အကြုံမရှိတော့ ကြောက်တယ်။ ကိုယ်နဲ့အတူရှေ့တန်းရောက်တဲ့ ပဲခူးတိုင်းကကောင်လေးဆိုရင် ကိုယ့်ရှေ့မှာ သေဆုံးသွားတာမြင်တော့ ကျနော် စိတ်မခိုင်ခဲ့ဘူး။ ကျနော်ရဲ့ ဗိုလ်ကြီးက သဘောကောင်းလို့ ကျနော်ပြန်လွတ်လာတာ” ဟု ၎င်က ထပ်လောင်းပြောသည်။

ထိုသို့ စစ်မှုထမ်းပြန်လာသော လူငယ် (၃)ဉီးသည် ငရဲခန်းမှ ပြန်လွှတ်မြောက်လာပြီး မိသားစုများကို ပြန်တွေ့ရသည့်အတွက် ပျော်ရွှင်သော်လည်း စစ်မှုထမ်းကာလတလျောက်လုံး ကြုံခဲ့သည့် အခက်အခဲများကြောင့် စိတ်ဒဏ်ရာ ကိုယ်စီဖြစ်နေကြောင်း ပြန်လွတ်မြောက်လာသည့် လူငယ်တစ်ဉီး၏ မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားတာ အခုပြန်လာတော့ ဝမ်းသာတယ်။ ဒါပေမယ့် အခု သူတို့တွေက ညဆို ထထငိုတာ၊ ထထအော်တာတွေ အိပ်မက်ဆိုးမက်တာလားမသိဘူး။ နောက် တခုခုဆိုရင် ထိတ်လန့် ခြောက်ခြားနေတာတွေရှိတယ်။ ကျမတို့ကတော့ သူတို့ အကောင်းဆုံးပုံမှန်ပြန်ဖြစ်လာအောင် နေပေး ထောက်ပံ့ပေးရမှာပဲ” ဟု ၎င်းလွတ်မြောက်လာသည့် လူငယ်တစ်ဉီး၏ မိသားစုဝင် အမျိုးသမီးက ဆိုသည်။

ဆက်လက်ပြီး လက်ရှိ စစ်ဝတ်စုံမှ အရပ်သားဝတ်စုံသို့ ပြောင်းလဲ ဝတ်ဆင်သည့် စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင်အနေဖြင့် အရပ်သားများကို စစ်မှုထမ်းဖမ်းဆီးခြင်း၊ ခေါ်ဆောင်ခြင်း ထပ်မံမပြုလုပ်ရန်လည်း တောင်းဆိုခြင်းကြောင်း စစ်မှုထမ်း မိသားစုဝင် အမျိုးသမီးက ပြောသည်။

“ စစ်မှုထမ်းတွေ ထပ်မခေါ်စေချင်တော့ဘူး၊ သား(ပြန်လွတ်လာတဲ့သူ)ပြောပုံအရဆို သူတို့အသုတ်ထဲက အိမ်မပြန်နိုင်တဲ့သူတွေများတော့ မိသားစုတွေ ကလေးတွေကလည်း စိတ်ဒဏ်ရာတွေနဲ့ပေါ့” ဟု ၎င်းအမျိုးသမီးကဆိုသည်။

အရပ်ဝတ်ပြောင်းလဲလာသည့် စစ်ကော်မရှင် အစိုးရသစ်အဖွဲ့သည် ပြောင်းလဲမှုရှိနိုင်သော်လည်း အများကြီးမျှော်လင့်ချက် မရှိကြောင်း စစ်မှုထမ်းရက်စေ့ ပြန်လွတ်လာသည့် လူငယ်ကဆိုပြန်သည်။

“ကျနော်ကတော့ အများကြီးလည်း မမျှော်လင့်ရဲဘူး။ အခြေအနေက ပိုဆိုးရင် ဆိုးလာမှာ။ ကျနော်ကတော့ စစ်မှုထမ်းလို့ ရက်စေ့တဲ့သူအကုန်လုံးကို အိမ်ပြန်ခွင့်ရေစချင်တယ်၊ စစ်တပ်ကလည်း ကတိ တည်စေချင်တယ်၊”ဟု ၎င်းလူငယ်က ပြောဆိုလိုက်သည်။

ယခုလက်ရှိ ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ရနဲကျေးရွာအုပ်စုဘက်နှင့် ကျောက်ငှက်ကျေးရွာ အုပ်စုဘက်တို့တွင် တပ်စွဲထားပြီး အနီးနားတောတောင်ဘက်သို့ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်မကောင်မရှင်တပ်၏ စစ်မှုထမ်း ဥပဒေအရ ယခုလက်ရှိတွင် အမှတ်စဉ် (၂၁)အထိရှိလာပြီး ဒေသတွင်းမှ လူငယ်များလည်း စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်မှုများ များပြားလာကာ အဆိုပါ စစ်မှုထမ်းနေရာအစားထိုးရန်အတွက် နည်းအမျိုးမျိုးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်လည်း တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် မောင်ချမ်းမြေ့အောင်သည် စစ်ကောင်စီ၏ အမှတ်စဉ်(၁) သင်တန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနစ် ဧပြီ ၂၈ရက်တွင် ဟိုပုံးမြို့ စစ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီးနောက် (၆)လတွင် ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...