တောင်ကြီး – ပင်လုံကြား ကျောက်တန်းလမ်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာ

သျှမ်းပြည် တောင်ကြီး – ပင်လုံကြား ရှိ ကျောက်တန်းလမ်းတွင် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာကြောင်း စုံစမ်းသိရသည်။

လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် မကြာခဏ တောင်ပြိုမှုကြောင့် ကားသမားများက ကျောက်တန်းလမ်းကို အသုံးပြုသွားလာနေရကြောင်း ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လက်နက်ကိုင် စစ်ဆေးရေး ဂိတ်များ လာကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနောက်ပိုင်းမှာ ၈ ဂိတ်လောက် ရှိတယ် ။ကျောက်တန်းတဲ့ ဂိတ်က စစ်ကောင်စီ တစ်ဂိတ် ၊ ပြီးရင် ပြည်သူ့စစ်က ရွာအဝင်အတွက် တွေ ရှိတယ်။ပွန်ချောင်းရွာ နဲ့ ပွန်ချောင်းမရောက်ခင်က ရှမ်းတွေ ရှိတယ်။ဒါက မှတ်မိသလောက်ပေါ့ တခြားနေ ရာ တွေလည်း ရှိ‌သေးတယ်။အရင်က နှစ်ဂိတ်လောက်ပဲရှိတယ်။ အရင်ကပိုက်ဆံလည်း မကောက်ဘူး။”ဟု ၎င်းက ပြောသည်။

တောင်ကြီး – ပင်လုံကြား ကျောက်တန်းလမ်းတွင် စစ်ကောင်စီ စစ်ဆေးရေး ၂ ဂိတ်၊စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် ၄ ဂိတ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၂ ဂိတ် စုစုပေါင်း ၈ ဂိတ်ရှိနေကြောင်း ကားသမားမျာက ပြောသည်။

မိုင်းပွန် – လွိုင်လင်လမ်းတွင် လက်ရှိအချိန်ထိ လမ်းကျဉ်းကာ ပြေပြိုမှုကြောင့် သွားလာရန်ခက်ခဲနေကြောင်း ပင်လုံမြို့ ကားသမားတစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပွန်ကနေလွိုင်လင်သွားရင်တော့ လမ်းပိတ်တယ်။ သူတို့လွှတ်တဲ့ အချိန်ပဲသွားရတာ။ မြေပြိုထားတော့ လမ်းကလည်း ပိတ်နေတုန်း။အချိန်အရမ်းကြာတယ်သွားလာရတာ။ ခေါင်းနွဲ့နား တစ်ဝိုက်ကိုပဲ သွားလာ ရခက်နေတာ။ အဲ့လမ်းမိုးရွာရင်တော့ ချော်တယ် သတိထားပြီး မောင်းရတယ် အတက်အဆင်းကို တလှည့် စီသွားရတာ။”ဟု ၎င်းက ပြောသည်။

ထို တောင်ကြီး – ပင်လုံကြားရှိ ကျောက်တန်းလမ်းတွင် သွားလာနေသော လိုင်းကားများ၊အိမ်သုံးကားများကို လက်နက်ကိုင်းများက အခွန်ငွေ ဆိုကာ တောင်ခံမှုများလည်း ပေးနေရကြောင်း ကားသမားများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...