ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး လူ(၈)ဦး သေဆုံးကာ နေအိမ် ၁၆ လုံးပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

အဆိုပါ ပျက်စီးသွားခဲ့ရသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရန် အခက်ခဲဖြစ်နေပြီး ကျေးရွာအတွင်း သောက်သုံးရေများလည်း ရှားပါးသောကြောင့် ရေကို ချွေတာ သုံးစွဲနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ရေက သောက်ဖို့တောင် မရှိဘူး၊ အဝိစီတွင်းတူးတာလည်း ရေမထွက်ဘူး။ ချောင်းရေတော့ ရှိတယ်မသန့်ဘူး။ ပျက်နေတဲ့ အိမ်ကိုလည်း ပြန်ဆောက်ပေးဖို့တွေ လိုနေတယ်။ ကူညီတဲ့သူက နဲနဲပဲရှိတယ်။ စားဖို့တောင် အနိုင်နိုင်နဲ့ ရုန်းကန်နေရတာ။ ၄လရှိပြီ ဘာမှ နလန်မထူနိုင်သေးဘူး။ ”ဟု အသက် ၃၀ ကျော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကျေးရွာမူလတန်းကျောင်းသည်လည်း ရေကြီးမှုကြောင့် ပျက်စီးသွားသောကြောင့် ယာယီတဲဖြင့်သာ ကလေးများ စာသင်နေရပြီး စာသင်ကျောင်းပြန်လည်ဆောက်လုပ်ရန် အတွက် အလှူရှင်များလိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ရေကြီးမြေပြို မှုနှင့်အတူ စပါးခင်း ဧကပေါင်း ရာချီပျက်စီးသွားသောကြောင့် စားနပ်ရိက္ခာရှားပါးလာပြီး ချေးငှားစားသောက်နေရ၍ ကြွေးမြီးများ ဆပ်နေရင်း ရုန်းကန်နေရကြောင်း သိမ်ကုန်းဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

“စပါးခင်းက တခြားရွာတွေရောဆို ဧက ရာနဲ့ချီပျက်တယ်။ ဒီနှစ်တော့ စားဖို့ နဲနဲပဲကျန်တော့တယ်။ နောက်နှစ်ဆို စားဖို့မရှိတော့လောက်ဘူး။ အခုတောင် ချေးငှားစားနေရတာ တစ်နေ့တစ်နေ့ အကြွေးတွေ ဆပ်လိုက် ချေးလိုက်နဲ့။အရင်ကဆို စပါးရှိနေရင် စားဖို့က မပူရဘူး၊ ကိုယ့်ရှာတဲ့ ငွေကို စုဆောင်းထားလို့ရတယ်။”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ မြို့နယ် သိမ်ကုန်းကျေးရွာ၊ အုံအက်ကျေးရွာနှင့် ကုန်းစောင်းကျေးရွာ ၊ကံသာကျေးရွာ၊ တပ်ကြီးကျေးရွာ၊ ရွှေပုထိုးကျေးရွာ၊ နောင်တခေါကျေးရွာ ၊ ဇော်ဂျီကျေးရွာ ၊ မိုင်းအင်ကျေးရွာနှင့် သပြေကုန်ကျေးရွာတို့တွင် စပါးစိုက်ပျိုးထားသည့် ဧကအားလုံးနီးပါး ပျက်စီးသွားခဲ့သည်။

ထိုသို့ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေဘေးကြောင့် နလန်မထူနိုင်သည့် ကြားက စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) ပါတီနှင့် ကြံခိုင်ရေးပါတီ(USDP) တို့က စည်းရုံးရေးလာဆင်းပြီး ကျေးရွာအတွင်း တစ်စုံတစ်ရာကူညီမှု မရှိဘဲ ၎င်းတို့၏ ပါတီကို မဲပေးရန်သာ လာရောက်စည်းရုံးနေကြောင်း သိရသည်။

ယခုလက်ရှိ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် အလှူရှင်အနည်းငယ်နှင့် ကျေးရွာသူ၊ရွာသားများ စုပေါင်းပြီး နေအိမ်များ ဆောက်လုပ်ပေးနေပြီး တတ်နိုင်သမျှ ပါဝင်ကူညီပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

ပင်းတယမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဆန်စပါးကို အများဆုံးစိုက်ပျိုးလုပ်ကိုင်သည့် ဒေသဖြစ်ပြီး ရေကြီးမှုကြောင့် စပါးခင်း၊ သီးနှံစိုက်ခင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင်အပါဝင် တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်သူ ထောင်ချီရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...