ကလောမြို့နယ် တောင်ကိုးလုံး မြေပြိုမှုကြောင့် ဒေသခံများပိတ်မိနေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် တောင်ကိုးလုံးအနီးကျေးရွာဖက်တွင် မြေပြိုမှုကြောင်း ဒေသခံအများပြား ပိတ်မိနေကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်တွင် မိုးများအဆက်မပြတ်ရွာသွန်းကာ တောင်များမှ မြေပြိုမှုကြောင့် ကျေးရွာ ၆ရွာ အဆက်သွယ်ပြတ်တောက်၍ နေအိမ်ပျက်စီးမှုရှိကာ ဒေသခံအများပြားပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးနှင့် အလှူရှင်များ သွားရောက်ကူနေကြောင်းသိရသည်။

“ လောလောဆယ်တော့ ကူညီကယ်မှုတွေလုပ်နေတယ်။ သွားရခက်ခဲတော့ လူသေမှုစာရင်းတွေ ပျက်စီးမှုစာရင်းတွေကို မယူရသေးဘူး။ ခုလက်ရှိတော့ ဒေသခံတွေ အများကြီးပိတ်မိနေတယ်။သုံးပုံ နှစ်ပုံလောက်ပျက်စီးသွားတယ်။” ဟု ကူညီကယ်ဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးကပြောသည်။

တောင်ကိုးလုံး တောင်ပြိုမှု

တောင်ကိုးလုံးသည် ကလောမြို့မှ( ၆ )မိုင်ခန့်ဝေးပြီး ကယ်ဆယ်ဆောင်ရွက်ထားသည့် ဒေသခံများကို ကလောမြို့ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာကျောင်းတို့တွင် နေထိုင်ခိုင်းထားကြောင်း သိရသည်။

ယခုကဲ့သို ရေကြီးမြေပြိုမှုများသည် တောင်ကိုးလုံးဖက်တွင်ပထမဆုံးအကြိမ် ဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲကာ သွားလာရခက်နေကြောင်းသိရသည်။

တောင်ကိုးလုံးဒေသတွင် အင်းးခေါင်း/ ရေအေးချောင်း/ တောင်ပွါ / စလယ်အင်နှင့် ပင်စိမ်းအိမ့် ရွာများရှိပြီး ဒေသခံ ၅၀၀ နီးပါးခန့်ပိတ်မိနေသည်။

တောင်ကိုးလုံး တောင်ပြိုမှု

“ဖြစ်စဉ်ကများတယ်။ တောပြုန်းတာလည်းပါတယ်။သတ္တုတွင်းတွေခဲအများပါတော့ ပြောလို့မပြီးတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့ ၅ဖွဲ့လောက်သွား။ အိမ်တွေပါသွားတဲ့သူဆို သူတို့ရဲ့သုံးကုန်တွေလိုမယ်၊ ဆန်တွေ စားစရာတွေလိုတယ်။ သုံးလေးငါးရွာဆိုတော့လုံလောက်မှုမရှိဘူးပေါ့လေ” ဟု ဒေသခံအမျိုးသားက ပြောသည်။

ကလောမြို့သည် လွန်စွာ လှပပြီး အေးချမ်းသည့် မြို့တစ်မြို့အဖြစ်ရှိခဲ့သော်လည်း ယခုအခါတွင် သဘာဝဘေးဖြစ်သည့် ရေကြီးမြေပြိုမှုများကြောင့် ပျက်စီးခဲ့ရပြီး ယနေ့အထိ ရှင်းလင်းမှုတွေ လုပ်ဆောင်နိုင်မှုမရှိသေးကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ကလော ရေကြီးမှု

ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

0
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...