ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ တော်တော်များများ ရေဝင်တယ်။ မိုးဆက်တိုက်ရွာတာနဲ့ ရေကြီးမှုက ဖြစ်နေတာပဲ။ ရှေ့ဆက်လည်း ရေထပ်ကြီးနိုင်တယ်။ မိုးရွာရင်တော့ သတိထားနေရမယ်” ဟု အသက် ၄၀အရွယ်ရှိ ကလောမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ပြင် ကလောမြို့ ရေကြီးမှုဖြစ်လာလျှင် ကလောချောင်းမှ တဆင့် အင်းလေးကန်အတွင်းသို့ ရေများစီးဝင်နိုင်သည့်အတွက် အင်းလေးဒေသလည်း ရေကြီးမှု ကြုံရနိုင်ကြောင်း အင်းလေး ဒေသခံများက ပြောသည်။

“ အခု ၂ ရက်အတွင်းမှာ မိုးကအဆက်မပြတ်ရွာနေတော့ ရေက ၁ ပေလောက်တော့ တက်လာတယ်။ မိုးကလုံးဝ မနားပဲ ရွာနေတာ။ အခုတော့ နေအိမ်တွေရေမြှုပ်တဲ့အထိတော့မဖြစ်သေးဘူး။ ပုံမှန်မိုးရွာလို့ ရေတတ်တာလောက်ပဲရှိသေးတယ်” ဟု အင်းလေးဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အလားတူ မိုးသည်းထန်စွာရွာသွန်းခြင်း အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ ကြောင်အော့င်ပန်းမြို့ ရပ်ကွက်၃ ရှိ နေအိမ်များလည်း ရေကြီးရေလျှံဖြစ်နေကြောင်း သိရသည်။

” အောင်ပန်းက ရေကြီးတာ ခါးထိရောက်တယ်။ အခု ရေလွတ်ရာပြောင်းရွှေ့နေကြပြီ” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

အောင်ပန်း ရေကြီးမှု

လက်ရှိ ကလော ၊ အောင်ပန်း ၊ ညောင်ရွှေ ဘက်မှ စီးဆင်းလာသောရေသည် အင်းလေးကန်ထဲသို့စီးဝင်လာမည်ဖြစ်ပြီး အင်းလေးကန်လည်း ရေကြီးလာနိုင်သောကြောင့် ဒေသခံများက စိုးရိမ်နေသည်။

ထိုအပြင် အင်းလေးကန်၏ ရေထွက်ပေါက်သည် မိုးဗြဲဆည်တစ်ခုထဲရှိသည့်အတွက်ကြောင့် ရေပြန်ကျနိုင်နှုန်းလည်း အချိန်ကြာမြင့်နိုင်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ ကလော ၊ အောင်ပန်းဘက်က ရေတွေကြီးနေတာတွေ့တယ်။ အဲဘက်ကရေအားလုံးက ဒီအင်းလေးကန်မှာလာစုမှာ ။ နောက် ၁ ရက် ၂ ရက်လောက်မိုးဆက်ရွာနေသေးတယ်ဆိုရင်တော့ ရေဆက်တက်လာနိုင်တယ်။ အရင်နှစ်လိုမဖြစ်ဖို့တော့မျှော်လင့်တာပေါ့။ အင်းလေးကန်ရဲ့ရေထွက်ပေါက်က မိုးဗြဲဘက်တစ်ခုပဲရှိတယ်။ အဲကြောင့်ရေတက်ပြီးဆိုရင် ပြန်ကျဖို့ကကြာတယ်။ အခုလောဆယ်တော့သတိထားနေရတာပေါ” ဟု အထက်ပါ ဒေသခံ လူငယ်က ပြောသည်။

ယခင်နှစ် ၂၀၂၄ စက်တင်ဘာလက ရာဂီမုန်းတိုင်ကြောင့် နာရီပိုင်းအတွင်း အင်းလေးဒေသ ရေရုတ်တရက်မြင့်တက်လာပြီး ရေကြီးမှု မကြုံစဖူး နေအိမ်ခေါင်မိုး နစ်မြှုပ်သည့်အထိဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...