Tuesday, January 27, 2026

ကလော ရေဘေးရှောင်များအတွက်လှူဒါန်းသော ပစ္စည်းများကို အုပ်စုဖွဲ့ လိမ်လည်ရယူနေသူများရှိနေ

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးပြီး ရေလွှတ်ရာသို့ တိမ်းရှောင်နေရသည့် ပြည်သူများအား လှူဒါန်းသည့် ပစ္စည်းများကို ဒုက္ခသည်အဖြစ်ဟန်ဆောင်ကာ အုပ်စုဖွဲ့လာရောက် ယူဆောင်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ (စက်တင်ဘာလ ၁၈ ရက်) သျှမ်းပြည်တောင်ပိုင်း ကလောမြို့၌ ရေဘေးရှောင်များကို လှူဒါန်းသည့် အစားအစာ၊ အထောက်အပံ့ပစ္စည်းများကို ဒုက္ခသည်ဟန်ဆောင်ကာ အုပ်စုဖွဲ့ လာရောက်ယူဆောင်မှုများရှိနေကြောင်း ကလောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကလော ရေဘေးလှူသူများပစ္စည်း အုပ်စုဖွဲ့ ယူနေသည့် သူများ

“ရေဘေးဒုက္ခသည်မဟုတ်ဘဲ တခြားကလာတဲ့သူတွေ စခန်းသာကနေ ကလောမြို့လမ်းအောက်ဘက်တွေမှာ အဖွဲ့လိုက် ဒုက္ခသည်ဟန်ဆောင်ပြီးတော့ အလှူရှင်တွေရဲ့ ပစ္စည်းတွေကို လာယူပါတယ်ဗျ၊ အလှူရှင်တွေ ပြန်တဲ့အချိန် ညနေပိုင်းလောက်မှာ ပီနံ အိတ်တွေနဲ့ သုံးဘီးတွေဌားပြီးပြန်နေကြပါတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။ 

ကလောမြို့ခံများ ပူပင်သောကရောက်နေကြသည့်အတွက် လာယူမှန်းသိသော်လည်း မည်သို့မျှမလုပ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“အုပ်စုဖွဲ့ပြီးလုပ်နေတာကြောင့်လည်း ထင်ပါတယ်၊ အလှူရှင်တွေကလည်း မသိကြဘူး ဒုက္ခရောက်နေတဲ့မြို့ခံထင်ပြီး စေတနာနဲ့လှူပေးနေကြတာ၊ မြို့ခံတွေကလည်း သိပေမယ့် အပူကိုယ်စီနဲ့ဆိုတော့ ပြောဖို့ကိုအချိန်မရှိဘူးထင်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။ 

မြေပြိုမှု

ထို့အပြင် ရေဘေးကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြသည့် ပြည်သူများ၏နေအိမ်များကိုလည်း ဖောက်ထွင်းမှုများ၊ ပျက်စီးသွားသော နေအိမ်အဆောက်အဦးမှ သစ်များ၊ ပရိဘောဂ အသုံးဆောင်ပစ္စည်းများကိုလည်း အုပ်စုဖွဲ့ဝင် ရောက်ရှာဖွေကာ ပြန်လည်ရောင်းချနေသူများပါရှိနေကြောင်း ၎င်းကဆက်ပြောသည်။ 

လက်ရှိတွင် ကလောမြို့ပေါ်တွင်သာမက ကလောမြို့နယ်တွင်းရှိ ကျေးရွာအများအပြားတွင် တောင်ပြိုမှု၊ မြေပြိုမှုများဆက်တိုက်ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ အကူအညီများစွာ လိုအပ်နေကြောင်း လည်းသိရသည်။

လက်ရှိတွင် ရေဘေးဒဏ်ခံရသည့် မြို့ခံအများစုမှာ ရန်ငြိမ်းအေးဘုန်းကြီးကျောင်း၊ မြို့မ ကျောင်း၊ သိမ်နောင်ကျောင်း၊ ဓမ္မစကြံာဘုန်းကြီးကျောင်းနှင့် အလယ်တန်းကျောင်းတို့တွင် ခိုလှုံနေရကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ကလော ရေကြီးမှု

ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

0
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...

နမ့်ဆန်မြို့ မြေပြိုမှုဖြစ် ကလေးငယ် နှင့် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နေအိမ်ပေါ် မြေပြိုကျပြီး ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ( ဇွန်လ ၂၆ ရက်) မနက် ၃ နာရီဝန်းကျင် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရပ်ကွက် (၈) ရှိ နေအိမ်တစ်ခုပေါ်သို့...

ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...